iMyanmarHouse.com - Best Property Website for Myanmar
×









မုန့်လို့ခေါ်ကြတဲ့ ဆေးခြောက်ကို တစ်နေ့တစ်လိပ် သောက်ခြင်းဟာ ကကယ့်တော့ အဆုတ်ခိုက်မှု မဖြစ်စေပါဘူးလို့ Annals of the American Thoracic Society တွင် ပုံနှိပ်ဖော်ပြထားတဲ့ လေ့လာမှု အသစ်တစ်ရပ်က တွေ့ရှိခဲ့ကြောင်း Medical Daily မှ တဆင့် သိရပါတယ်။

ဆေးခြောက်ကို တစ်နေ့တစ်လိပ် မှန်မှန်သောက်တဲ့ အရွယ်ရောက်ပြီး လူတွေရဲ့ အဆုတ်စွမ်းရည်က လုံးဝမသောက်သူတွေရဲ့ အဆုတ်နဲ့ အတူတူပင် ဖြစ်ကြောင်း Emory တက္ကသိုလ်မှ သုတေသီတွေက နောက်ဆုံးအဖြေ ရရှိခဲ့ကြပါတယ်။ ပိုပြီး သိသင့်တဲ့အချက်က တစ်နေ့တစ်လိပ် သောက်ဖြစ်နေရင်တောင် လုံးဝမသောက်ပဲနေတဲ့လူတွေရဲ့ အသက်ရှူနိုင်စွမ်းကိုပင် ရရှိပိုင်ဆိုင်နိုင်ပါသေးတယ်။

ဆေးခြောက်သုံးစွဲသူတွေမှာ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းကဲ့သို့သော ရောဂါလက္ခဏာ အသေးလေးတွေတော့ ခံစားရတတ်ကြပါတယ်။

အဆုတ်ထဲ ဝင်ရောက်လာတဲ့ အငွေ့တွေကြောင့် သွေးကြောကျဉ်းစေတဲ့အပြင် အလွန်အကျွံသောက်ခြင်းကြောင့် အဆုတ်တွင်းက သွေးဖြူဥဆဲလ်တွေရဲ့ လုပ်ငန်းဆောင်ရွက်မှု ပျက်ဆီးစေပါတယ်။ ဒါပေမယ့်လို့  ယေဘုယျကြည့်ရင်တော့ ဆေးခြောက်ပုံမှန်သုံးခြင်းကြောင့် အဆုတ်ရဲ့လုပ်ငန်းဆောင်ရွက်မှုကို သိသိသာသာပြောင်းလဲမှု ဖြစ်မသွားစေကြောင်း သုတေသီတွေက နောက်ဆုံး မှတ်ချက်ပေးထားပါတယ်။

ယခုပြုလုပ်တဲ့ လေ့လာမှုအသစ်ကနေ မှတ်ချက်ပေးထားတာက အလွန်အကျွံမဖြစ်ဖို့ အရေးကြီးဆုံးသာ ဖြစ်ကြောင်းပါခင်ဗျား။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top