iMyanmarHouse.com - Best Property Website for Myanmar
×











ပါးစပ်ရှေ့ဘက်မည်သည့်နေရာ၌ မဆိုဖြစ်ပွားသော ကင်ဆာရောဂါ ကို ခံတွင်းကင်ဆာဟုခေါ်သည်။ နှုတ်ခမ်းများ၊ လျှာ၊ ပါးအတွင်း ဘက်နံရံများ၊ အာခေါင်(သို့မဟုတ်) သွားဖုံးများ၌ ဖြစ်ပွားသော ကင်ဆာရောဂါများမှာ ခံတွင်းကင်ဆာအမျိုးအစားများ၌ ပါဝင် သည်။ အာခေါင်နောက်ပိုင်း (သို့မဟုတ်) လည်ချောင်းနောက်ဘက် တွင် ဖြစ်ပွားသော ကင်ဆာများကို ခံတွင်းကင်ဆာအဖြစ် မသတ် မှတ်ပေ။ မျက်နှာပြင်ရှိ ဆဲလ်များကြီးထွားလာကာ ထိန်းမနိုင် သိမ်းမရ ပျံ့နှံ့ပိုင်းခြားဖြစ်ပေါ်သော ကင်ဆာအမျိုးအစားမှာ ခံတွင်း ကင်ဆာဖြစ်သည်။


ခံတွင်းကင်ဆာရောဂါမှာ အမျိုးသမီးများထက် အမျိုးသားများ တွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။ ခံတွင်းကင်ဆာဖြစ်ပွားသူ အရေအ တွက်မှာ ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုအတွင်း ဖြည်းဖြည်းချင်း လျော့ ကျသွားခဲ့သည်။ ခံတွင်းကင်ဆာဖြစ်ပွားမှုမှာ ဆေးလိပ်သောက်ခြင်း (သို့ မဟုတ်) ကွမ်း(ဆေးရွက်ကြီး) ၀ါးခြင်းနှင့် များစွာဆက်စပ်မှု ရှိ သည်။ ခံတွင်းကင်ဆာဖြစ်ပွားသူ ၉၀ ရာခိုင်နှုန်းမှာ ဆေးရွက်ကြီး အသုံးပြုသူများဖြစ်ကြောင်း သိရသည်။ ဆေးရွက်ကြီး သုံးစွဲမှု ပမာ ဏနှင့် ကြာမြင့်ချိန်ကို လိုက်၍ ကင်ဆာဖြစ်နိုင်သည့် အန္တရာယ်များ မြင့်တက်လာတတ်သည်။ အရက်သောက်ခြင်း၊ နေရောင်ခြည်နှင့် အချိန်အကြာကြီးထိတွေ့ခြင်းတို့ကြောင့်လည်း ခံတွင်းကင်ဆာဖြစ် နိုင်သည့် အန္တရာယ်များ မြင့်တက်လာစေသည်။

ခံတွင်းကင်ဆာဖြစ်နေသူများမှာ အသံအိုးကင်ဆာ၊ အစာပြွန်

ကင်ဆာ (သို့မဟုတ်) အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများသည်။ ခံတွင်းကင်ဆာရောဂါရှင် ၁၅ ရာခိုင်နှုန်းတွင် အခြားကင်ဆာရောဂါ တစ်မျိုးကိုလည်း တစ်ချိန်တည်းဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိလေ့ရှိသည်။ ခံတွင်းကင်ဆာလူနာများ၏ ၁၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်းအထိမှာ နောက်ပိုင်းတွင် အခြားကင်ဆာတစ်မျိုးမျိုး (သို့မဟုတ်) နောက်ထပ်ခံတွင်းကင်ဆာတစ်မျိုး ဖြစ်ပွားလေ့ရှိသည်။

ခံတွင်းကင်ဆာ၏ ရောဂါလက္ခဏာများတွင် ပါးစပ်နာနေပြီး ပျောက်ကင်းမသွားခြင်း၊ ပါးစပ်ထဲရှိနေရာတစ်ခု အရောင်ပြောင်း သွားပြီး ယင်းအတိုင်း ဆက်ရှိနေခြင်း၊ ပါးအတွင်းဘက် နံရံများ ရောင်းရမ်းပြီး ပျောက်မသွားခြင်း၊လည်ပင်းနာပြီး ပျောက်မသွား ခြင်း၊ အသံပြောင်းလဲလာခြင်း၊ ၀ါးစားရ၊ မျိုချရခက်ခဲခြင်း၊ မေးရိုး များ (သို့မဟုတ်) လျှာလှုပ်ရှားရခက်ခြင်း၊ သွားများယိုင်နဲ့လာခြင်း၊ လျှာ (သို့မဟုတ်) ပါးစပ်အစိတ်အပိုင်းတစ်ခုတွင် မည်သည့်ခံစားမှုမှ မရှိခြင်း၊ သွားနှင့်မေးရိုးများ နာကျင်ခြင်း၊ ပါးစပ်ထဲယားယံခြင်း (သို့မဟုတ်) နာကျင်ခြင်း ခံစားရပြီး ပျောက်မသွားခြင်း၊ အကြောင်းမသိရဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ မေးရိုးများ ရောင်ရမ်းခြင်း၊ လည်ပင်းရောင်ခြင်း (သို့မဟုတ်) အကျိတ်ဖြစ်ခြင်း နှင့် လည်ချောင်း ထဲ တစ်စုံတစ်ခု တစ်ဆို့နေသကဲ့သို့ အမြဲခံစားနေရခြင်းတို့ ဖြစ်သည်။ယင်းရောဂါလက္ခဏာအများစုမှာ အရေးမကြီးသော ဆေးဝါးပြဿနာများကြောင့်လည်း ဖြစ်တတ်သည်။ သို့သော် ယင်းရောဂါလက္ခဏာများ ပြသနေသည်မှာ သီတင်းနှစ်ပတ် (သို့မဟုတ်) ယင်းထက်ပိုကြာနေပါက ဆရာဝန်နှင့် ပြသပါ။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top