iMyanmarHouse.com - Best Property Website for Myanmar
×









တရုတ်ဘီလျံနာသူဌေး ကြီး ဝမ်ကျန်းလင်၏ သားဖြစ်သူ က အသက် (၂၇)နှစ်ပြည့်မွေးနေ့ ပါတီ ဖျော်ဖြေမှုအတွက် တောင် ကိုရီးယားမိန်းကလေးပေါ့ပ်အဆို ရှင်များအဖွဲ့ T-ara ကို ငှားရမ်း ခဲ့သည်ဟု တရုတ်မီဒီယာများက ဖော်ပြကြသည်။

ဝမ်ကျန်းလင်၏ သားဖြစ်သူ ဝမ်ရှီကောင်း၏ မွေးနေ့ပါတီပွဲ ဓာတ်ပုံများကို ပါတီပွဲတွင် ဖျော် ဖြေခဲ့သည့် T-ara အဖွဲ့၏ Weibo လူမှုစာမျက်နှာ၌ ဖော်ပြခဲ့ပြီး နောက် တရုတ်မီဒီယာများသည် ဝမ်ရှီကောင်း၏ ခမ်းနားထည်ဝါ သော မွေးနေ့ပါတီပွဲအလာကို အာရုံစိုက်လာသည်။

ဝမ်ရှီကောင်းသည် ဇန်နဝါရီ ၃ ရက်တွင် ဟိုင်နယ်ပြည်နယ် ဆန်းယာမြို့ရှိ   ဟိုတယ်တစ်ခု၌ ဖျော်ဖြေရေးစတိတ်စင်ကြီးတစ် ခု၊ ကြေးစားကင်မရာသမားများ နှင့် ခေတ်မီဆန်းပြားသော အပြင် အဆင်များ    ငှားရမ်းပြုလုပ်၍ အသက် (၂၇)နှစ်ပြည့်မွေးနေ့ကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ သည်။ ၎င်း၏ မွေးနေ့ပွဲသို့တက် ရောက်သည့် ဧည့်သည်များအား ပေးအပ်သော အမှတ်တရလက် ဆောင်ပစ္စည်းများတွင် Apple MacBook Pro ကွန်ပျူတာများ၊ iPad များနှင့် iPhone များပါဝင် ခဲ့သည်။

Weibo စာမျက်နှာ၌ ဖော်ပြ ခဲ့သည့် ဓာတ်ပုံများတွင် T-ara အဖွဲ့ဖျော်ဖြေနေမှုများ၊ ၎င်းတို့၏ ဖျော်ဖြေမှုကို မှတ်တမ်းတင်နေပုံ များနှင့် ပရိသတ်အားပေးနေပုံ များလည်း ပါဝင်သည်။ ယင်းမွေး နေ့ပွဲသို့ T-ara အဖွဲ့အပြင် တရုတ်ကျော်ကြားသူ အနုပညာ ရှင်အချို့လည်း တက်ရောက်ခဲ့ သည်။ ပါတီပွဲပြီးနောက် ဝမ်ရှီ ကောင်းသည် T-ara အဖွဲ့ဖျော် ဖြေနေသည့် ဓာတ်ပုံတစ်ပုံနှင့် အတူ ‘‘ငွေနဲ့ ဆန္ဒရှိတာလုပ်ပါ။ ဟီးဟီး’’ဟူ၍ အစိပ္ပာယ်ရသော တရုတ်စာလုံးခြောက်လုံးကို ၎င်း ၏ Weibo ဖော်ပြခဲ့သည်။ T-ara အဖွဲ့သည် ဇန်နဝါရီ ၁၀ ရက်ည တွင် ဗီယက်နမ်နိုင်ငံ၌ ဖျော်ဖြေ ပွဲပြုလုပ်မည်ဖြစ်သည်။

Credit :7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top