iMyanmarHouse.com - Best Property Website for Myanmar
×












သင်ဟာ အချိန်ရှည်ကြာစွာ အသောက်အစားနွံထဲက ရုန်းမထွက်ဘဲ ရှိနေမယ်ဆိုရင် သင့်ရဲ့ ကျန်းမာရေးနဲ့ ဘဝပျော်ရွှင်မှုအပေါ် စိတ်အနှောက်အယှက်ဖြစ်စရာ အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ခန္ဓာကိုယ်က ပြလာတဲ့ အထူးရောဂါ လက္ခဏာတွေကို သင် သတိထားမိတယ်ဆိုရင် အသောက်အစား ရပ်တန့်ဖို့ အချိန်ရောက်နေပြီဆိုတာ သိလိုက်ပါတော့။ ဒီတော့ သောက်စား တတ်တဲ့သူတွေ ဖြစ်တတ်တဲ့ အသည်းရောဂါ လက္ခဏာတွေ အကြောင်း နည်းနည်းပြောပြပေးချင်ပါတယ်။

- အရက်ကို အငမ်းမရ သောက်စားခြင်း
အရက်အလွန်အကျွံသောက်စားခြင်းက သင့်ရဲ့အတွေးစိတ်ကူးတွေ (သို့) ခံစားချက်တွေကို အားနည်းလာစေနိုင်ပါတယ်။ ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ဗိုက်သားအဆီအဖြစ် ပြောင်းလဲ သွားလေ့ရှိပါတယ်။

- ပင်ပန်းနွမ်းနယ်ခြင်း
အထူးသဖြင့် အရက်သေစာကြောင့် အကျိုးဆက်ဖြစ်လာတဲ့ အစာအဟာရတွေထဲက တစ်ခုက B12 ၊ အမောခံနိုင်ရည်ကင်းမဲ့ခြင်းနဲ့ အများအားဖြင့် ဖြစ်တတ်တဲ့အခြေနေအရပ်ရပ်တွေကတော့ ခေါင်းကိုက်ခြင်းနဲ့ ဇဝေဇဝါ စိတ်ရှုပ်ထွေးမှုတွေပဲ ဖြစ်ပါတယ်။

- ဆံပင်သားနဲ့ လက်သည်းခြေသည်း ကျိုးပဲ့ပျက်စီးခြင်း
အရက်သေစာသောက်စားခြင်းမှာ သင့်ဆံပင်သားတွေနဲ့ ခြေသည်းလက်သည်းတွေ ကျိုးလွယ်ပျက်လွယ်ဖြစ်လာစေနိုင်တဲ့ ရေဓာတ်ခန်းခြောက်မှု အကျိုးဆက်တစ်ခုရှိပါတယ်။ ဆံပင်နဲ့ ခြေသည်း လက်သည်းနှစ်ခုစလုံးဟာ ကျန်းမာသန်စွမ်းနေဖို့ ရေဓာတ်အလုံလောက်ရရှိမှုပေါ် မှီတည်နေပါတယ်။

- စိုးရိမ်ကြောင့်ကျဖြစ်ခြင်း
သင့်ခန္ဓာကိုယ်က အရက်ကို အစာအာဟာရအဖြစ် ပြောင်းလဲပြီး အသွေးသားထဲရောက်သွားတဲ့အခါ စိုးရိမ်ပူပန်တတ်တဲ့စိတ်၊ စိတ်ချောက်ချားခြင်းနဲ့ လွယ်လင့်တကူ အမျက်ဒေါသထွက်ခြင်းတွေဖြစ်စေနိုင်ပါတယ်။

Credit : Trend Myanmar





ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top