iMyanmarHouse.com - Best Property Website for Myanmar
×











ပရိသတ်အားပေးမှု အပြည့်အ၀ရရှိထားသည့်သရုပ် ဆောင်နေတိုးက ၎င်းတွင်ချစ်ရ မည့်သူရှိနေပြီဖြစ်ကြောင်းဖွင့်ဟ ပြောကြားလိုက်သည်။

၎င်း၏ချစ်သူမှာ အနုပညာ နယ်ပယ်အတွင်းမှ   မဟုတ် ကြောင်းနှင့် အိမ်ထောင်ရေးအ တွက် စတင်စဉ်းစားလာပြီဖြစ် ကြောင်းပြောသည်။

‘‘ကျွန်တော်ချစ်တဲ့သူကရှိပါ ပြီ။ အရင်ကလည်း ရှိလည်းရှိတယ်။ ရှိလည်းရှိခဲ့ဖူးတယ်။ ရှိလည်းရှိနေပါပြီ’’ဟု ၎င်းကဆိုသည်။

ယခင်က ပွင့်လင်းစွာမပြော ခဲ့ခြင်းမှာ လွဲချော်မှုတစ်ခုရှိလျှင် မသင့်လျော်ကြောင်းနှင့် ယခုကဲ့ သို့ အသိပေးရခြင်းမှာ ပရိသတ်  အလွန်သိချင်ကြသည့်အတွက် ကြောင့်ဖြစ်ကြောင်း သရုပ်ဆောင်နေတိုးကပြောသည်။

သရုပ်ဆောင်နေတိုးသည် လက်ရှိအချိန်တွင် အသက်(၃၃) နှစ်ရှိနေပြီဖြစ်ပြီး အိမ်ထောင်ပြု မည့်အကြောင်း   သေချာလျှင် ပရိသတ်ထံ  အသိပေးသွားမည် ဖြစ်ကြောင်း၊ အချစ်ရေးတွင် ၎င်းမှာ    ပေးဆပ်ရသူတစ်ဦးဖြစ် ကြောင်းပြောသည်။

အနုပညာလှုပ်ရှားမှုအနေ ဖြင့် ဒါရိုက်တာကိုပေါက်ရိုက်ကူး သည့် တစ်ခါတစ်ရံသူ ဗီဒီယို ဇာတ်ကားတွင် သရုပ်ဆောင်ဝိုင်း စုခိုင်သိန်း၊ ခင်ဇာခြည်ကျော်၊ဇော် ဦးတို့နှင့်အတူ ရိုက်ကူးနေကြောင်း သိရသည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top