iMyanmarHouse.com - Best Property Website for Myanmar
×














၁။ အနက်ရောင်

လုပ်ပိုင်ခွင့်နဲ့ အာဏာတို့ကို ကိုယ်စားပြုတဲ့အရောင်လို့ သိရပါတယ်။ ခန္ဓာကိုယ်ကို သွယ်လျသယောင်ထင်စေတဲ့အတွက် အဝတ်အစားအတွက်လည်း ဆန်းကြယ်တဲ့ အရောင်တစ်မျိုးပေါ့။ အနက်ရောင်အဝတ်အစား မကြာခဏဝတ်တတ်တဲ့လူတွေက လွတ်လပ်တဲ့ သဏ္ဍာန်ပေါ်ပါတယ်။ စိတ်ဓာတ်ပြင်းထန်ပြီး ဆုံးဖြတ်ချက်ခိုင်မာတဲ့ အသွင်လည်း ဆောင်ပါတယ်။ ကိုယ်ကလည်း အနက်ရောင်ကြိုက်နှစ်သက်သူ ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကိုနဲ့ အရာအားလုံးကို ထိန်းချုပ်လိုစိတ်ရှိတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။

၂။ အဖြူရောင်

အားလုံးသိတဲ့အတိုင်း အဖြူရောင်က ဖြူစင်ခြင်းရဲ့အဓိပ္ပာယ်ကို ဆောင်ပါတယ်။ အဖြူရောင်ကြိုက်တတ်တဲ့လူတွေက သန့်ရှင်းမှုကိုနှစ်သက်ကြပါတယ်။ အဖြူရောင်အဝတ်အစား၊ အသုံးအဆောင်နဲ့ တခြားအဖြူရောင်ပစ္စည်းတွေကို ရွေးချယ်တတ်သူတွေက ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် သတိကြီးတယ်၊ လက်တွေ့ကျတယ်။ အဖြူရောင်ကြိုက်တဲ့ လူတွေစိတ်ထားကတော့ ထင်ရာမစိုင်းတတ်ဘဲ ကိုယ့်ကိုယ်ကို ထိန်းချုပ်မှုရှိကြပါတယ်။ 

၃။ အနီရောင်

အနီရောင်ကိုတော့ ရဲစွမ်းသတ္တိရှိတဲ့ အရောင်ဆိုပြီး လူသိများပါတယ်။ အနီရောင်က နှလုံးခုန်နှုန်းမြန်စေနိုင်တဲ့ အစွမ်းရှိပါတယ်။ အနီရောင်ကြိုက်တဲ့လူတွေက လူတွေရဲ့အာရုံစိုက်ခြင်းကို လိုချင်တတ်ကြပြီး စိတ်လှုပ်ရှားတက်ကြွစေအောင်၊ အားအင်တွေရှိအောင်၊ ယုံကြည်မှုတွေရှိအောင် ပြုလုပ်ပေးနိုင်ပါတယ်။ရည်မှန်းချက်ကြီးမားကြပါတယ်။လူအများရဲ့ရိုသေလေးစားခြင်းကို လွယ်လွယ်ကူကူရရှိနိုင်ကြပါတယ်။

၎။ ပန်းရောင်

ကိုယ်အကြိုက်ဆုံးအရောင်က ပန်းရောင်ဖြစ်ခဲ့မယ်ဆိုရင် ကိုယ်က ချစ်ခင်ကြင်နာတတ်ပြီး အခြားသူတွေရဲ့လိုအပ်ချက်တွေအပေါ် စာနာရက်ရောတတ်တဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ပန်းရောင်ကြိုက်သူတွေက သူတို့ရဲ့နွေးထွေးမှုတွေနဲ့ လူတွေကိုဆွဲဆောင်နိုင်ကြပါတယ်။ ကိုယ့်မှာ မိခင်တစ်ယောက်ရဲ့စိတ်ထားလို ကိုယ့်ဘေးကလူတွေအားလုံးကို ကာကွယ်လိုစိတ်ရှိပါတယ်။ ပန်းရောင်က စိတ်ကူးယဉ်ဆန်ပြီး ဆွဲဆောင်မှုရှိပါတယ်။

၅။ အပြာရောင်

အပြာရောင်ကြိုက်သူတွေကတော့ အေးဆေးတည်ငြိမ်ပြီး ယုံကြည်စိတ်ချလို့ ရတဲ့လူတွေဖြစ်ကြပါတယ်။ အပြာရောင်ရဲ့သဘောက တည်ငြိမ်တယ်၊ ငြိမ်းချမ်းတယ် ပြီးတော့ ကိုယ့်ကိုယ်ကို ထိန်းချုပ်မှုရှိပါတယ်။ လူတွေက အပြာရောင်ကိုမြင်ရင် ကောင်းကင် ဒါမှမဟုတ် ပင်လယ်နဲ့ ချက်ချင်းဆက်စပ်နိုင်ကြပြီး စိတ်ထဲမှာ တည်ငြိမ်အေးချမ်းသွားပါတယ်။

၆။ အစိမ်းရောင်

အစိမ်းရောက်ကြိုက်နှစ်သက်သူတွေက ပိုင်ဆိုင်လိုစိတ်ရှိကြပြီး လူမှုရေးလုပ်ငန်းတွေ လုပ်လေ့ရှိပါတယ်။ သူတို့ရဲ့ နှလုံးသားကို ဖော်ပြထားတဲ့လူမျိုးပါ။ လက်တွေ့ကျတယ်၊ သနားကြင်နာတတ်တယ်၊ မှီခိုတတ်ကြပါတယ်။ အစိမ်းရောင်နှလုံးသားပိုင်ရှင်တွေကတော့ သူတပါးစိတ်နေသဘောထားကို နားထောင်ပေးတတ်ပြီး အခြေအနေတွေကို ထိန်းချုပ်ဖြေရှင်းနိုင်ကြပါတယ်။

၇။ အဝါရောင်

အဝါရောင်ကြိုက်တတ်တဲ့လူတွေက ပျော်တတ်ရွှင်တတ်ပြီး ခင်မင်ဖို့ကောင်းကြပါတယ်။ တီထွင်ဖန်းတီးတတ်ကြပြီး ကိုယ့်ကိုယ်ကိုတော့ ဝေဖန်တတ်ကြပါတယ်။ သူတို့တွေက ပြီးပြည့်စုံတဲ့လူတွေလို့ သိရပြီး ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေကို လေ့လာဆန်းသစ်နေရင်း အချိန်ကုန်လွန်တတ်ကြပါတယ်။
အဝါရောင်ကြိုက်တဲ့လူတွေက မစဉ်းစားဘဲ ထလုပ်တတ်ကြပါတယ်။

ဒီကမ္ဘာကြီးမှာ စိတ်နေစိတ်ထားမျိုးစုံရှိကြပါတယ်။ ကျွန်မတို့အားလုံး စိတ်နေစိတ်ထားတွေ တူညီနေရင် ဘဝကြီးက ပျဉ်းစရာကောင်းသွားမှာပါ။ ဒါကြောင့် စာဖတ်သူကို ဆွဲဆောင်မှုအပေးနိုင်ဆုံးအရောင်ကို ကြည့်ပြီး ကိုယ့်စိတ်နေသဘောထားလေးကို လေ့လာကြည့်လိုက်ပါ။

Credit : Gandawin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top