iMyanmarHouse.com - Best Property Website for Myanmar
×










အာရှနိုင်ငံတွေမှာ ဟင်းချက်ပြုတ်ရာမှာအသုံးများပြီး မြန်မာနိုင်ငံမှာဆိုရင် မုန့်ဟင်းခါးချက်ရာမှာ မပါမဖြစ်တဲ့စပါးလင်တွေဟာ ဟင်းအနံ့ကိုမွှေးစေတဲ့ အစွမ်းသတ္တိသာမက ကျန်းမာရေးအ တွက် ဘာတွေအကျိုးပြုသလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ဗီတာမင်စီ၊ ဖောလစ်အက် စစ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်၊ထုံးဓာတ်၊ ပိုတက်ဆီယမ်၊ ဖော့စဖရက်စ်စတာတွေကြွယ်ဝပြီး ဆေးဖက်ဝင်အစွမ်းသတ္တိတွေရှိပါတယ်။ စပါးလင်ဟာ အစာခြေလမ်းကြောင်းထဲမှာရှိတဲ့ မကောင်းတဲ့ဘက်တီးရီးယားနဲ့ကပ်ပါးကောင်တွေကိုသေစေပြီး အူမထဲက အကျိုးပြုဘက်တီးရီးယားတွေ ကို တိုးပွားစေနိုင်တာကြောင့် ကောင်းစွာအစာချေဖျက်နိုင်ဖို့ အထောက်အကူပြုပါတယ်။ နောက်ပြီး ကိုလက်စထရောပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။

စပါးလင်ရဲ့ ပင်ကိုအစွမ်းသတ္တိအရအဆိပ်အတောက် တွေ၊ ယူရစ်အက်စစ်နဲ့ မကောင်းတဲ့ကိုလက်စထရောတွေကို ဆီးသွားခြင်းဖြင့် စွန့်ထုတ်စေတာကြောင့် ကျောက်ကပ်အ တွက် ကောင်းကျိုး ပြုပါတယ်။ ပိုးမွှားတွေနဲ့ မှိုရောဂါတွေကို   သေစေနိုင်စွမ်း   ရှိတာ ကြောင့် စပါးလင်နဲ့ အအေးမိ၊ နှာစေး၊ တုပ်ကွေး၊ ဖျားနာတာတွေကို   ကုသနိုင်ပါတယ်။ နောက်ပြီး ကင်ဆာရောဂါတွေကိုလည်းကာကွယ်နိုင်စွမ်းရှိပြီးခေါင်းကိုက်၊  ရင်ကျပ်၊လည်ချောင်းနာ၊ ချွေးထွက်လွန်၊ကိုယ်နံ့ဆိုးထွက်တာမျိုးဖြစ်ရင်လည်း စပါးလင်နှစ်ချောင်း၊ သုံးချောင်း ကို သစ်ကြံပိုးခေါက်၊ နနွင်း မှုန့်အနည်းငယ်နဲ့ဆူအောင် တည်ပြီး   အရည်ကိုသောက် ပေးနိုင်ပါတယ်။

 ကြွက်သားနာကျင်တာ၊ ဂေါက်ရောဂါ၊အရိုးအဆစ်ရောင် ရမ်းနာနဲ့ အခြားသောအဆစ် အမြစ်နာကျင်တာတွေကိုစပါးလင်ဆီလိမ်းပေးရင်သက်သာစေပါတယ်။ နို့တိုက်မိခင်တွေအတွက်
ဆိုရင်လည်း နို့ထွက်အားကောင်းစေပြီး ရင်သွေးငယ်တွေ ကျန်းမာပြီး ရောဂါပိုးကူးစက်ခံရမှုတွေက ကာကွယ်ပေးပါတယ်။

ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာစေပြီး    ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိစေကာ လန်းဆန်းတက်ကြွစေနိုင်တာကြောင့် စိတ်ကျဝေဒနာအတွက် အကောင်းဆုံးဆေးတစ်ခုပါ။ ကိုယ်နံ့မကောင်းတာနဲ့ အရေပြားကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ အသားအရေလှဖို့အတွက် စပါးလင်ဆီ လိမ်းမယ်ဆိုရင်တော့ ရေ (ဒါမှမဟုတ်) သံလွင်ဆီနဲ့ရောပြီးမှ လိမ်းဖို့အကြံပြုလိုက်ပါတယ်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top