iMyanmarHouse.com - Best Property Website for Myanmar
×













လေ့ကျင့်ခန်းမလုပ်မီ ကျန်းမာရေးနှင့်ညီသော မုန့်ပဲသရေစာ တစ်ခုခုစားခြင်းမှာ ခန္ဓာကိုယ်အတွက်  လောင်စာဖြည့်ထားသကဲ့သို့ ဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ရာတွင် ကြိုးစားအား
ထုတ်မှုနှင့် ရလဒ်များကို အမြင့်မားဆုံးဖြစ်စေသည်။

  ခေါင်းကိုက်ခြင်းနှင့် မောပန်းနွမ်းနယ်မှု ဖြစ်စေနိုင်သည့် သွေးထဲသကြားဓာတ်ပါဝင်မှု နိမ့်ကျခြင်းကို ကာကွယ်ရန် လေ့ကျင့် ခန်းမလုပ်မီ အစာစားပေးခြင်းက အထောက်အကူပြုနိုင်သည်။
လေ့ကျင့်ခန်း မလုပ်မီနှင့်လုပ်ပြီးချိန်တွင် စားပေးသင့်သည့် အစားအစာများကို ဖော်ပြပေးလိုက်ပါသည်။

ငှက်ပျောသီးများတွင် လေ့ကျင့်ခန်းလုပ်ရန် လုံလောက်သော စွမ်းအင်များနှင့်အတူ အစာကြေလွယ်သော ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစာပါဝင်သည်။ အာရုံကြောနှင့် ကြွက်သားလုပ်ဆောင်ချက် ကို ထိန်းသိမ်းရာ
တွင် ကူညီမည့်ပိုတက်စီယမ်ဓာတ်များလည်း ငှက် ပျောသီးများတွင် ကြွယ်ဝစွာပါဝင်သည်။

ခန္ဓာကိုယ်က ပိုတက်စီ ယမ်ဓာတ်ကို အလွန်ကြာမြင့်စွာသိုလှောင်ထားလေ့ မရှိသဖြင့် သင့်
ခန္ဓာကိုယ်တွင် ပိုတက်စီယမ်ဓာတ်ပါဝင် မြင့်မားနေစေရန် လေ့ကျင့် ခန်း မလုပ်မီ နာရီဝက်အ
လိုတွင် ငှက်ပျောသီးတစ်လုံး၊ နှစ်လုံးနှင့် ဒိန်ချဉ်တစ်ခွက်သောက်နိုင်ပါသည်။

  လေ့ကျင့်ခန်း မလုပ်မီ သဘာဝဂျုံဖြင့် လုပ်ထားသော ပေါင်မုန့် တစ်ချပ်စားခြင်းဖြင့်လည်း ကာဗိုဟိုက်ဒရိတ်ဓာတ် ရရှိမည်ဖြစ် သည်။ ပျားရည်(သို့မဟုတ်)ယို (သို့မဟုတ်) မြေပဲထောပတ်တို့ နှင့် ပေါင်မုန့်ကို ပေါင်းစားခြင်းဖြင့် ခန္ဓာကိုယ်အတွက်
 လောင်စာပို ရမည်ဖြစ်ကာ ပရိုတင်းဓာတ်မြင့်မားစွာ ရရှိစေရန် မကျက်တကျက် ပြုတ်
ထားသော ကြက်ဥများ စားပါ။

မြင်းစားဂျုံများတွင် အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်သည်။ ယင်း အမျှင်ဓာတ်များက လေ့ကျင့်ခန်းလုပ်နေချိန်အတွင်း စွမ်းအင်များ အပြောင်းအလဲ မရှိအောင်
ထိန်းပေးမည့် ကာဗိုဟိုက်ဒရိတ်ဓာတ် များကို သွေးကြောများထဲသို့ ထုတ်လွှတ်ပေးမည် ဖြစ်
သည်။ ကာဗို ဟိုက်ဒရိတ် ဓာတ်စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားစေရန် ကူညီပေးမည့်
 ဗီတာမင် ဘီများလည်း ပါဝင်သည်။ ထို့ကြောင့် လေ့ကျင့်ခန်း မလုပ်မီနာရီဝက်အလိုတွင် မြင်းစားဂျုံနှင့် နွားနို့စားသုံးပေး နိုင်ပါသည်။

သစ်သီးဖျော်ရည်များတွင် ကာဗိုဟိုက်ဒရိတ်နှင့် ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် လေ့ကျင့်ခန်းမလုပ်မီလန်းဆန်းစေရန် သောက်ပေးနိုင်သည်။ အဆီပါဝင်
မှုနည်းသော ဒိန်ချဉ်ခွက်တစ်ဝက်ကို သစ်သီးခွက်တစ်ဝက်နှင့် ရောဖျော်၍သောက်ပါ။

  လေ့ကျင့်ခန်းလုပ်ပြီးချိန်တွင် ပရိုတင်းနှင့် ခန္ဓာကိုယ်အတွက် အခြားအရေးကြီးသော ဗီတာမင်များနှင့် သတ္တုဓာတ်များပါဝင် သော အစားအစာများ စားပါ။ ပရိုတင်းများစွာ ပါဝင်သော ကြက်ဥ များနှင့် ဗီတာမင်စီပါဝင်သော လိမ္မော်ရည်တို့ သောက်သုံးနိုင်သည်။

Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top