iMyanmarHouse.com - Best Property Website for Myanmar
×










တကယ်တော့ သံပုယိုနဲ့ ရေနွေးတစ်ခုတည်းက အလေးချိန်ကျအောင် မလုပ်ပေးပါဘူးလို့ Academy of Nutrition and Dietetics ရဲ့ ပြောရေးဆိုခွင့်ရှိသူ Alissa Rumsey,R.D က ဆိုပါတယ်။ ဒါပေမယ့် အဲဒါကို သကြားပါဝင်တဲ့ ကော်ဖီ သို့မဟုတ် သစ်သီးဖျော်ရည်ကဲ့သို့သော ကယ်လိုရီးပိုများတဲ့ ဖျော်ရည်တစ်ခုခုနဲ့ အစားထိုးပေးမယ်ဆိုရင်တော့ အလေးချိန် ကျဆင်းစေနိုင်တယ်လို့လဲ ပြောဆိုထားပါတယ်။

သံပုယိုဖောက်ထားတဲ့ ရေနွေး ဒါမှမဟုတ် ရေအေးသောက်ခြင်းက အစာအိမ်ကို တဝီဝီမြည်စေပါလိမ့်မယ်။

ရေဓာတ်ရနေ ထိန်းသိမ်းနေထိုင်ခြင်းဟာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အရေးကြီး အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစာခြေဖျက်မှု အားကောင်းစေလို့ပဲဖြစ်တယ်လို့ လည်းဆိုပါတယ်။ ဒီတိုင်းရေချည်းပဲ မသောက် တတ်သူတွေအတွက်တော့ ကယ်လိုရီ မပါဝင်ဘဲ အနံ့မွှေးသွားအောင် သံပုရာယိုအနည်းငယ်ထည့် ပေးတာက နည်းလမ်း ကောင်းတစ်ခုဖြစ်ပါတယ်။ အနံ့အသက် သိပ်မပြင်းဘဲ သဘာဝဆီးရွှင်အောင် လုပ်ပေးတာကြောင့် တိုတိုပြောရရင် သံပုယိုပါတဲ့ ရေသောက်ပေးခြင်းက ပိန်စေပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top