iMyanmarHouse.com - Best Property Website for Myanmar
×












လူတိုင်းလိုလို မျက်နှာမှာ ဆားဝက်ခြံတွေ ရှိနေတတ်ကြပါတယ်။။ နှာခေါင်း၊ မေးစေ့နဲ့ နဖူးတွေမှာ အဆိုးဆုံးဖြစ်ပါတယ်။ နှာခေါင်းမှာ ရှိတဲ့ လူအချို့က ပေါင်ဒါလိမ်း ဖုံးဖိဖို့ ကြိုးစားကြပါတယ်။ တကယ်တော့ အဲဒါ မှန်ကန်တဲ့ ဖြေရှင်းနည်းမဟုတ်ပါဘူး။

ရိုးရိုးလေးနဲ့ အတော်ထိရောက်တဲ့ နည်းတစ်ခုရှိပါတယ်။ အရင်ဦးဆုံး မှဲ့ခြောက်တွေ ချွေးပေါက်ထဲ ပိတ်မသွားအောင် အ ပေါ်ယံအရေပြား ခြောက်ခြောက်လေးတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။ မှဲ့ခြောက်ပေါက်တဲ့နေရာတွေကို အဓိက ထားလုပ်ပေးပါ။ မျက်နှာကို စိုစွတ်စေတဲ့ ခရင်မ်အမျိုးအစား တစ်ခုခု လိမ်းပြီး ပုဝါလေးနဲ့ ၅ မိနစ် ကနေ ၁၀ မိနစ်ခန့် ပွတ်ပေးပါ။

 ပြီးသွားရင် မျက်နှာသစ်ဖို့ကိုလဲ မမိပါနဲ့။ဇလုံကြီး တစ်ခုထဲ ရေနွေးထည့်ပြီး မျက်နှာကိုရေနွေးငွေ့ရိုက်ပါ။ ပိုပြီး ထိရောက်မှုရှိအောင် အဝတ်စသန့်သန့်လေး တစ်ခုနဲ့ ခေါင်းကိုစည်းထားပေးနိုင်တယ်။ ၁၀ မိနစ်ခန့်ကြာရင် မှဲ့ခြောက်တွေ ပွင့်ထွက်လာပါလိမ့်မယ်။လိုအပ်တဲ့ ပစ္စည်းများ

·         မုန့်ဖုတ်ဆိုဒါ ထမင်းစားဇွန်း (၄) ဇွန်း

·         သတ္တုဓာတ်ပြည့်နေတဲ့ရေ ဖန်ခွက် (၁) ခွက်

၎င်းတို့ နှစ်ခုကို ပျော့တွဲတွဲ အနေအထားရတဲ့အထိ မွှေပါ။
အဲဒီရောစပ်လို့ ရလာတဲ့ ခရင်မ်လေးနဲ့ မျက်နှာကို လိမ်းပေးပါ။ ၁၀ မိနစ်ထားပြီးရင် မျက်နှာသစ်ပါ။ အဲ့သလိုလိမ်းပေးတဲ့အခါ မျက်စိတစ်ဝိုက်ကို အထူးသတိထား လိမ်းပေးဖို့လိုပါတယ်။

အကျိုးသက်ရောက်မှု ကို ချက်ချင်းလက်ငင်း မြင်တွေ့ရမှာဖြစ်ပါတယ်။ နောက်ဆုံး မျက်နှာကို ခြောက်အောင်သုတ်ပြီး အဆီဓာတ်များတဲ့ ခရင်မ်တစ်ခုခုလိမ်းပါ။

Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top