iMyanmarHouse.com - Best Property Website for Myanmar
×










၂၀၁၅ ထဲမှာ တစ်ကိုယ်တော်ခွေတစ်ခွေ ထွက်နိုင်ဖို့ ကြိုးစားနေတဲ့ သရုပ်ဆောင်မင်းသွေးက သင်္ကြန်မတိုင်ခင် ထွက်နိုင်ဖို့မျှော်လင့်ပေမဲ့ မထွက်နိုင်ရင်တော့ သင်္ကြန်အပြီး ၅ လပိုင်း၊ ၆ လပိုင်း၊ ၇လပိုင်း လောက်ကို အသေအချာ ထွက်နိုင်အောင် လုပ်သွားမယ်လို့ ဆိုပါတယ်။

သူ့ရဲ့ တစ်ကိုယ်တော်ခွေ ထိုးစစ်နဲ့ပတ်သတ်ပြီး ပြောပြသွားတာကတော့ “ခု တစ်ကိုယ်တော်ခွေလေးကို သင်္ကြန်မတိုင်ခင် ထွက်ဖို့ကြိုးစားနေတယ်။ မမှီရင်တော့ သင်္ကြန်အပြီး ၅ လပိုင်း၊ ၆ လပိုင်း ၊ ၇ လပိုင်း လောက်ထွက်နိုင်အောင် ကြိုးစားသွားမှာပါ။။ အခွေမထွက်ခင် သီချင်း ၂ ပုဒ်လောက်ကို အွန်လိုင်း စတိုးကနေ ရောင်းမယ်။ သီချင်းခွေက နောက်ဆုံး ၈ လပိုင်းပဲ။

အဲ့ထက်တော့ နောက်မကျဘူး။ သေချာတယ်။ ပရိသတ်ထင်မထားတဲ့ သီချင်းမျိုးလေးတွေလဲ ပါတယ်။ အတတ်နိုင်ဆုံး လဲကြိုးစားထားတယ်။ သီချင်းခွေနာမည်လေးကတော့ ထိုးစစ်လို့ ပေးထားပါတယ်”တဲ့။
ကားရိုက်ဘက်ကိုလည်း ပုံမှန်လေး သွားဖြစ်နေတဲ့ သူက “တစ်လတစ်ကားတော့ ပရိသတ် တွေကြည့်ရမှာပါ။

ခု ၂၀၁၅ မှာ ပရိသတ်နဲ့အဆက်မပြတ် အလုပ်တွေ လုပ်ဖို့ရှိတယ်။ လက်ရှိက လောလောဆယ် ကျွန်တော် သီချင်း အယ်လ်ဘမ်တွက် ဒီဇိုင်းကိစ္စတွေ လုပ်နေတယ်။ ရှေ့က ရိုက်ထားတဲ့ ကားတွေမှာ ကျွန်တော်စိတ်ကျေနပ်မှု မရှိတဲ့ ဝေါလ်ရှိတွေ၊ ထွေလာတွေ ပြန်လုပ်နေပါတယ်။ ဒီလ၂၀ရက်နေ့မှာ ခင်ဝင့်ဝါနဲ့ဒါရိုက်တာ ကိုပြည်ဟိန်းသီဟရဲ့ ကားတစ်ကားရိုက်ဖို့ရှိတယ်”လို့ ပြောပြခဲ့ပါတယ်။

Credit : Trend

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top