iMyanmarHouse.com - Best Property Website for Myanmar
×














အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၆၃)ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် သျှားထွဋ်အိန္ဒြာက ပြိုင်ပွဲတွင် ဆု မရရှိခဲ့သဖြင့် တောင်းပန်ကြောင်း ၎င်း၏ဖေ့စ်ဘွတ်ခ်တွင်ရေးသားထားသည်။

‘‘တောင်းပန်ပါတယ်ဆိုတဲ့ စကားကလွဲလို့ ဘာမှမပြောလိုတော့ပါဘူး’’ဟု သျှားထွဋ်အိန္ဒြာက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မယ်စကြဝဠာပြိုင်ပွဲပြီးသည့်အချိန်၌ ရေးသားခဲ့သည်။
သို့သော်လည်း ပရိသတ်များက အပြစ်မမြင်ဘဲ သျှားထွဋ်အိန္ဒြာအနေဖြင့် တတ်နိုင်သလောက် ကြိုးစားခဲ့သည်ကို အသိအမှတ်ပြုကြောင်း ချီးကျူးရေးသားထားကြသည်။

‘‘တောင်းပန်စရာမလိုပါဘူးသမီး။ နှစ်ပေါင်းများစွာ Miss အင်အားကြီးနိုင်ငံတွေနဲ့ ပြန်ပြီး ယှဉ်ပြိုင်ရတာ ခုမှ ၂နှစ်ပဲရှိသေးတယ်။ ကလေးအရွယ်ကတည်းက Miss တစ်ယောက်ဖြစ်လာ အောင် စနစ်တကျလေ့ကျင့်ပေးနိုင်တဲ့သူတို့ဆီကကျောင်းမျိုးတွေလည်းမရှိသေးဘူး’’ဟုမယ်စကြ ဝဠာပြိုင်ပွဲတွင် သျှားထွဋ်အိန္ဒြာအတွက် ဘာသာပြန်လုပ်ပေးခဲ့သည့်ဦးရော်နီငြိမ်းကမှတ်ချက် ပေးထားသည်။

 ထို့ပြင် မယ်စကြဝဠာပြိုင်ပွဲအတွက် မြန်မာနိုင်ငံ၏ National Director ဒေါ်စိုးယုဝေကလည်း သျှားထွဋ်အိန္ဒြာအနေဖြင့် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့၍ စိတ်ဓာတ်မကျရန် နှစ်သိမ့် ပေးခဲ့သည်။
မြန်မာနိုင်ငံသည် မယ်စကြဝဠာပြိုင်ပွဲသို့ ၂၀၁၃ တွင် မိုးစက်ဝိုင်က ပြန်လည် သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိခဲ့ခြင်းမရှိပေ။ ယခုနှစ်သည် ဒုတိယအကြိမ်မြောက်သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း၈၈နိုင်ငံမှ အလှမယ်များပါဝင်ယှဉ်ပြိုင်ခဲ့ကာ ကိုလံဘီယာအလှမယ်က Miss Universe 2014 ဆုရရှိခဲ့သည်။

မယ်စကြဝဠာပြိုင်ပွဲကို မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၆ရက်နံနက် ၇ နာရီခွဲခန့်က အမေရိကန်နိုင်ငံ မီယာမီကမ်းခြေ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သျှားထွဋ်အိန္ဒြာသည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၂၉ ရက်တွင် ပြန်လည်ရောက်ရှိမည်ဟု Miss Universe Myanmar အဖွဲ့အစည်းမှ သတင်းရရှိသည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top