iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယား ယောက်ျားလေးပေါ့ပ်အဆိုရှင်များအဖွဲ့ EXO ၏ ဆိုးလ်မြို့ဖျော်ဖြေပွဲလက်မှတ်များ
ကို တစ်ချိန်တည်းတွင် မမျှော်လင့်ထားသော ပရိသတ်ပမာဏကဝယ်ယူရန်ကြိုးပမ်းခဲ့ခြင်းကြောင့် EXOဖျော်ဖြေပွဲလက်မှတ်ရောင်းချသည့် ကွန်ပျူတာပရိုဂရမ်မှာ ပြတ်တောက်သွားခဲ့သည်ဟု ယင်းအဖွဲ့၏    အေဂျင်စီ    SM Enterta-inment က ပြောသည်။

EXO အဖွဲ့၏    ဆိုးလ်မြို့ဖျော်ဖြေပွဲ လက်မှတ်များကို ဇန်နဝါရီ ၂၁ ရက် ည ၈ နာရီတွင် Yes24 ဝက်ဘ်ဆိုက်မှတစ်ဆင့် ရောင်းချခဲ့သည်။

ယင်းဖျော်ဖြေပွဲလက်မှတ် ရောင်းချမှုစတင်လိုက်ချိန်မှာပင် ကိုရီးယားရှိ အွန်လိုင်းအသုံးပြုသူ ၁ ဒသမ ၂ သန်းကျော်က Yes24ဝက်ဘ်ဆိုက်သို့ဝင်ရောက်၍ လက်မှတ်များဝယ်ယူရန် ကြိုးပမ်းခဲ့သည်။ Yes24 ထဲသို့ ဤသို့မျှော်လင့်မထားသော လူဦးရေ ပမာဏဝင်ရောက်မှုကြောင့် လက်မှတ်ရောင်းသည့် ကွန်ပျူတာ ပရိုဂရမ်မှာ ပြတ်တောက်သွားခဲ့ သည်။ ကိုရီးယားပြည်တွင်းဖျော်ဖြေပွဲအတွက် တစ်ချိန်တည်းတွင်လူပေါင်းသန်းနှင့်ချီ၍ လက်မှတ်ဝယ်ယူရန်ကြိုးပမ်းမှုမှာ စံချိန် တင်လည်းဖြစ်ခဲ့သည်။

Yes24 ဝက်ဘ်ဆိုက်သည် ဖျော်ဖြေပွဲအတွက် လက်မှတ်ရောင်းချမှုကို ချက်ချင်းရပ်ဆိုင်းခဲ့ပြီး လက်မှတ်ရောင်းချမည့်နေ့ရက်များကို ဇန်နဝါရီ ၂၈နှင့် ၂၉ ရက်များသို့ပြောင်းလဲသတ်မှတ်ခဲ့ရသည်။ နာမည်ကျော်ကေပေါ့ပ်အဖွဲ့ EXO သည် မတ်လ ၇ ၊ ၈ နှင့်မတ်လ ၁၄ ၊ ၁၅ တို့တွင် ဆိုးလ် မြို့၌ ဖျော်ဖြေပွဲများပြုလုပ်သွားမည်ဖြစ်သည်။

Credit : 7Day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top