iMyanmarHouse.com - Best Property Website for Myanmar
×







မကြာမီရက်များတွင် MRTV ရုပ်သံလိုင်းမှ ထုတ်လွှင့် မည့် ‘ဂန္ထဝင်အလှ မြန်မာရာမ’ ရုပ်သံဇာတ်လမ်းတွဲ၌ မြန်မာ ဆန်ဆန်ဇာတ်ရုပ်ဖြင့် ပါဝင် သရုပ်ဆောင်ထားသဖြင့် ပရိသတ်များကြည့်ရှု၍ ဝေဖန်ပေးစေလို ကြောင်း ပိုင်ဖြိုးသုက ပြောသည်။

‘‘အဲဒီဇာတ်လမ်းတွဲထဲက ကာရိုက်တာက သုသု တစ်ခါမှ မလုပ်ဖူးသေးတဲ့ပုံစံလေးပါ။ ရိုက် တုန်းကလည်း အားလုံးကြိုးစား ထားကြတယ်ဆိုတော့ ပရိသတ် တွေကို ကြည့်လည်းကြည့်စေချင် တယ်။ ပရိသတ်ဆီက ပြန်လာ မယ့်အသံကိုလည်းကြားချင် တယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါဇာတ်လမ်းတွဲတွင် ရာမဇာတ်တော်ကို အလွန်ကြိုက် သည့် မိန်းကလေးနေရာမှ သရုပ် ဆောင်ထားပြီး အမှတ်တရဖြစ် စေသည့် ဇာတ်ကားတစ်ကားဖြစ် သည်ဟု ၎င်းက ဆိုသည်။

‘‘ဒီကားလေးရိုက်တုန်းက တကယ့်နန်းတွင်းရာမဇာတ်အဖွဲ့ သားတွေနဲ့လည်းတွေ့ရတယ်။ ရာမဇာတ်နဲ့ပတ်သက်တဲ့ ပညာ ရှင်တွေ တော်တော်များများနဲ့ လည်း ဇာတ်ဝင်ခန်းထဲမှာ အင် တာဗျူးလုပ်ရတယ်ဆိုတော့ အမှတ်တရတွေကတော့ အများ ကြီးပါ။ နောက်ပြီး ညီမကိုယ် တိုင်လည်း ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူကို အရမ်းကြိုက် တယ်’’ဟု ပိုင်ဖြိုးသုက ပြောကြားသည်။ ယင်းဇာတ်လမ်းတွဲကို ဇန်နဝါရီ ၂၄ ရက်မှစတင်၍ မြန်မာ ရုပ်သံလိုင်းမှ အပတ်စဉ် စနေ နေ့တိုင်းထုတ်လွှင့်ပေးမည်ဖြစ်ပြီး အပိုင်း (၈)ပိုင်းထုတ်လွှင့်ပေးမည်ဖြစ်သည်။

‘‘အစက မှတ်တမ်းကား အနေနဲ့ပဲရိုက်ဖို့လုပ်ထားတာ။ ဒါပေမဲ့ မှတ်တမ်းကားဆို လူတွေ မကြည့်မှာစိုးလို့ ဒါရိုက်တာ ကိုဇော်နဲ့ ဆရာချစ်ဦးညိုတို့တိုင် ပင်ပြီးလုပ်ကြတာ။ ဒီနေ့ခေတ်မှာ ရာမဇာတ်ကိုတော်တော်များများ က မေ့နေကြပြီဆိုတော့ ကြည့်စေ ချင်တယ်’’ဟု ပိုင်ဖြိုးသုက ပြော သည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top