iMyanmarHouse.com - Best Property Website for Myanmar
×









အမေရိကန် ပေါ့ပ်အဆိုတော် ဘရစ်တနေစပီး ယား၏ ရည်းစားဟောင်း လေ ယာဉ်မှူး ဂျွန်ဆန်ဒယ်သည် ပြီးခဲ့ သည့် သီတင်းပတ်တွင် အာဖဂန် နစ္စတန်နိုင်ငံ၌ တာလီဘန်တို့၏ လက်ချက်ဖြင့် သေဆုံးသွား ကြောင်းနှင့် ဂျွန်ဆန်ဒယ်သေဆုံး သွားသည့်သတင်းကို ဘရစ်တနေ စပီးယားကြားသိခဲ့ပြီးနောက် ဝမ်း နည်းနေကြောင်း မီဒီယာများက ဖော်ပြကြ သည်။

ဂျွန်ဆန်ဒယ်နှင့် ဘရစ်တနေ စပီးယားတို့သည် ၂၀၀၇ ခုနှစ် တွင် Alcoholics Anonymous ပရဟိတအဖွဲ့တွေ့ဆုံပွဲတစ်ခု၌ စတင်ဆုံတွေ့ခဲ့ကြသူများဖြစ် သည်။ လေယာဉ်မှူးဂျွန်ဆန်ဒယ် သည် မူးယစ်ဆေးဝါးနှင့် အရက် သေစာများ စွဲလမ်းနေသော ဘရစ်တနေအား ယင်းစွဲလမ်းမှု များဆန့်ကျင်နိုင်ရန် ကူညီပေးခဲ့ သူဖြစ်သည်ဟု New York Post သတင်းက ဖော်ပြသည်။

၎င်းတို့နှစ်ဦးသည် အချိန် ကာလအားဖြင့် လအနည်းငယ် သာချစ်ကြိုက်၍ လမ်းခွဲခဲ့သော် လည်း မိတ်ဆွေများအဖြစ် ဆက်လက်ရှိနေကြပြီး ၂၀၁၄ နွေရာသီတွင် ထပ်မံချိန်းတွေ့ခဲ့ကြသည်ဟု သတင်းဌာနများက    ဖော်ပြကြ သည်။

အသက် (၄၄)နှစ်အရွယ် ဂျွန်ဆန်ဒယ်သည် ပြီးခဲ့သည့် သီတင်းပတ်တွင် အာဖဂန်နစ္စ တန်နိုင်ငံမြို့တော် ကဘူးလ်အနီး ၌ ၎င်းကိုယ်တိုင်မောင်းနှင်လာ သော ရဟတ်ယာဉ်ကို တာလီဘန် များပစ်လိုက်သော ဒုံးကျည်ထိမှန် ၍ အသက်ဆုံးရှုံးခဲ့သည်။ ဂျွန်ဆန် ဒယ်သေဆုံးမှုနှင့်ပတ်သက်၍ ဘရစ်တနေစပီးယားမှာ ဝမ်း နည်းလျက်ရှိသည်ဟု ဘရစ်တနေ ပီးယားနှင့် ရင်းနှီးသော သတင်း ရင်းမြစ်တစ်ခုက ဗြိတိန် The Mirror သတင်းစာသို့ ပြောကြား သည်။ ဘရစ်တနေစပီးယားဘက် ကမူ ယင်းအကြောင်းအရာနှင့် ပတ်သက်၍ မည်သည့်မှတ်ချက် မျှ မပေးသေးပေ။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top