iMyanmarHouse.com - Best Property Website for Myanmar
×











သွေးလည်ပတ်မှု အားနည်းခြင်း၊ ရာသီသွေး ပုံမှန်မဆင်းခြင်း၊ ကိုယ်အလေးချိန်အလွန်အကျွံ တက်လာခြင်း၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေနဲ့ ကိုယ်ဝန်ဆောင်ခြင်းစတဲ့ ကိစ္စတွေဟာ ခြေထောက်ယောင်ကိုင်းစေတဲ့ အချက်တွေပဲဖြစ်ပါတယ်။

အပူချိန်ပြောင်းလဲခြင်း၊ ရေထုစိုထိုင်းမှု တို့ကြောင့် ခြေထောက်ယောင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
ဒါတွေဟာ နေထိုင်မကောင်းဖြစ်စေနိုင်သလို တခါတရံ နာကျင်ကိုက်ခဲမှုတွေတောင် ဖြစ်စေတတ်ပါတယ်။ ဒီအဖြစ်နဲ့ ကင်းဝေးဖို့ဆိုရင် လှဲအိပ်နေစဉ် မိမိခြေထောက်ကို အပေါ်မြောက်ပေးဖို့ လိုအပ်ပါတယ်။ ခြေထောက်ကို နှလုံးနဲ့ စင်တီမီတာ ၃၀ ထိ ( ၂ ပေခွဲ)အပေါ်မြောက်ပေးသင့်ပါတယ်။ ဒီလေ့ကျင့်ခန်းအပြင် တရုတ်နံနံပင်ရေနွေးကြမ်းလည်း သောက်ပေးသင့်တယ်။

တရုတ်နံနံပင် ရနွေးကြမ်းကို အောက်ပါ အတိုင်းပြင်ဆင်နိုင်ပါတယ်။
တရုတ်နံနံပင်ကို အမြစ်နဲ့ အရွက်နှစ်ခုလုံး ယူပြီး စိတ်စိတ်လေးဖြစ်နေအောင် ခုတ်ပိုင်းပေးရပါမယ်။ လက်ဖက်ရည်ဇွန်း (၅) ဇွန်းစာ ခပ်ယူပြီး ရေလီတာဝက်(၀.၅လီတာ)နဲ့ ၅ မိနစ်ကြာ ပြုတ်ပေးပါ။
ရေနွေးကြမ်းအဖြစ်သို့ ရောက်သွားပြီဆိုရင် မိနစ် ၂၀ လောက် အဲဒီအတိုင်းထားထားပါ။ ပြီးရင် အဖက်ကို အရည် ညှစ်ထုတ်ရပါမယ်။ ၄င်းအရည်ကို တစ်နေ့ သုံးကြိမ်သောက်ပေးပါက ကြီးမားတဲ့အကျိုးရလဒ်ကို ရရှိလာပါလိမ့်မယ်။

Credit : Trend Myanmar

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top