iMyanmarHouse.com - Best Property Website for Myanmar
×
၁။  ကွန်ဆီလာ  (concealer) လိမ်းရာတွင် သုံးနိုင်ပါတယ်။
               မိတ်ကပ် ပညာရှင်တချို့က နှုတ်ခမ်းနီ ဘရပ်ရှ်နဲ့ ကွန်ဆီလာ လိမ်းရတာကို သဘောကျကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နှုတ်ခမ်းနီ ဘရပ်ရှ်က သေးငယ်တဲ့ အတွက် မျက်နှာ တစ်ပြင်လုံးကို စေ့စေ့ စပ်စပ် လိမ်းနိုင်လို့ပဲ ဖြစ်ပါတယ်။ ကွန်ဆီလာထဲကို ထိုဘရပ်ရှ်ကို နှစ်လိုက်ပြီး မျက်လုံးအောက်ခြေတွေကို တို့ပြီးလိမ်းပါ။  များလွန်း သွားရင်တော့ ဘရပ်ရှ် အကြီးဖြစ်ဖြစ် လက်ချောင်းနဲ့ပဲ ဖြစ်ဖြစ် ညှိယူလိုက်ပါ။
၂။  အိုင်းရှဲဒိုး ခရင်မ်ကိုလည်း နှုတ်ခမ်းနီ ဘရပ်ရှ်နဲ့ သုံးပါ။
                နှုတ်ခမ်းနီ ဘရပ်ရှ်တွေက သေးငယ်တဲ့ အတွက် သေးငယ်တဲ့ မျက်ခွံနဲ့လည်း အဆင်ပြေပါတယ်။ အိုင်းရှဲဒိုး ခရင်မ်ကို ဘရပ်ရှ်နဲ့ တို့ပြီး မျက်ရစ်လိုင်း ဆွဲနိုင်ပါတယ်။ အိုင်းရှဲဒိုး အမှုန့်ဆိုရင်တော့ ဘရပ်ရှ်ကို ရေဆွတ်ပြီး သုံးပါ။
၃။  နှုတ်ခမ်း လိုင်းဖော်ဖို့ သုံးပါ။
                 နှုတ်ခမ်းကို ပြည့်ပြည့် ဖူးဖူးလေး ဖြစ်သယောင် ထင်ရစေဖို့ အညိုနုရောင် အိုင်းရှဲဒိုး၊ ခပ်မှိုင်းမှိုင်း အိုင်းရှဲဒိုး တို့ကို သုံးပါ။
               ရေဆွတ်ထားတဲ့ နှုတ်ခမ်းနီ ဘရပ်ရှ်နဲ့ အပေါ် နှုတ်ခမ်းလေးကိုင်း နေရာကို အညိုနုရောင် အိုင်းရှဲဒိုး လိုင်းဆွဲပါ။ ထို့နောက် အောက်နှုတ်ခမ်းရဲ့ အလယ်လိုင်းကို ထိုနည်းတူခြယ်ပါ။ ထို့နောက် လက်ချောင်းဖြင့် ညှိလိုက်ပါ။ နှုတ်ခမ်း ဖူးသယောင် ထင်ရစေပါတယ်။
၎။ မျက်နှာပေါ်က အမည်းစက်တွေဖုံးဖို့ အတွက်လည်း အသုံးဝင်ပါတယ်။
၅။ မျက်ခုံးမွှေး လှပနေစေရန် အတွက်လည်း သုံးနိုင်ပါတယ်။
                မျက်ခုံးမွှေး ဘရပ်ရှ်နဲ့ မျက်ခုံးမွှေး ပေါင်ဒါကို ခဏ ဖယ်ထားလိုက်ပါ။ နှုတ်ခမ်းနီ ဘရပ်ရှ်နဲ့ သင့်မျက်ခုံးမွှေး အရောင်နဲ့ လိုက်ဖက်တဲ့ အိုင်းရှဲဒိုးကို  သုံးကြည့်ပါ။ ထုံးစံအတိုင်း မျက်ခုံးမွှေးကို ဘရပ်ရှ်နဲ့ အိုင်းရှဲဒိုး အရောင်ခြယ်ပါ။ ထို့နောက် ဆံပင်ဖြန်း ဆေးအနည်းငယ်ကို လက်နဲ့ယူပြီး မျက်ခုံးမွှေးကို အရောင်ညှိပါ။ လှပ သေသပ်သော မျက်ခုံးမွှေး တစ်စုံ ရပါလိမ့်မယ်။
Credit : The Messenger
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top