iMyanmarHouse.com - Best Property Website for Myanmar
×










ယောင်္ကျားလေးသဘာဝ မိန်းကလေးတွေနဲ့တွေ့တဲ့အခါ စတိုင်ကျကျ မိန်းကလေး သဘောကျ မြင်စေချင်တတ်ပါတယ်။

ဒါပင်မဲ့ မိန်းကလေးတွေရဲ့ မျက်လုံးကလည်း စုံထောက်တောင် အရှုံးပေးရလောက်အောင် စေ့စေ့စပ်စပ် ကြည့်တတ်တယ်ဆိုတာကို ပြောစရာတောင်လိုမယ်လို့ မထင်ပါ။

ဒါကြောင့် စကားတောင်မပြောရသေးဘူး သူငယ်ချင်းမပြောနဲ့ ရည်းစားတောင်ဖြစ်ရန် မလွယ်ပါ။ ကဲမိန်းကလေးတွေက မုန်းတဲ့ယောင်္ကျားလေး Top 10 ကိုရေးလိုက်ပြီနော်။
ဒီစစ်တမ်းလေးက ဂျပန်နိုင်ငံမှာ အသက် ၂၀ မှ ၃၀ အတွင်း မိန်းကလေး(အပျို) အယောက် ၂၀၀ ကို "ယောင်္ကျားလေးတွေရဲ့ ဘယ်အမူအရာကို မုန်းသလဲ" ဆိုတာကို ကောက်ယူထားသော စစ်တမ်းအဖြေပါ။

မေးခွန်း : ယောင်္ကျားလေးတွေရဲ့ ဘယ်အမူအရာကို အမုန်းဆုံးလဲ။

No01. ဆရာကြီးလို စကားပြောသောသူ

No02. စားသောက်သောနေရာမှာ အဆင့်အတန်းမရှိသူ၊ အဝတ်အစား သန့်ရှင်းသပ်ရပ်မူမရှိသူ

No03. အကြွားသန်သူ (ကိုယ့်အကြောင်းချည်းပဲ ကြွားဝါသူ)

No04. အသက်တွေရနေပြီးတော့ လူငယ်စတိုင်လုပ်နေသူ

No05. သူဌေးဂိုက်ဖမ်းသူ

No06. မိန်းမတွေ ဝိုင်းဝိုင်းလည်နေတာ ဒုက္ခလို့ပြောနေသောသူ

No07. မှန်မှာ ကိုယ့်ပုံကို ကြည့်ပြီးရင်းကြည့်နေသောသူ

No08. ဘာမေးမေး အဖြေကို တိတိကျကျ မဖြေနိုင်သောသူ

No09. အခုမှတွေ့ပါတယ်၊ သူငယ်ချင်းလို ရင်းနှီးစွာ ဆက်ဆံသောသူ

No10. စကားပြောနေတာကို နားထောင်ယောင်ဆောင်သောသူ

ယောင်္ကျားကတော့ အမျိုးမျိုးရှိပင်မဲ့ နှစ်သစ်မှာ ကိုယ့်နဲ့အဆင်ပြေ ကိုက်ညီမဲ့သူနဲ့ တွေ့နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Credit :Chelmo Team

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top