iMyanmarHouse.com - Best Property Website for Myanmar
×











အောင်မြင်တာဟာ လူရည်ချွန်ဖြစ်ပြီး အလွန်တော်နေတာကြောင့်မဟုတ်ပဲ ဇွဲ၊ဝီရိယ ရှိလို့ပါ။

ကမ္ဘာကျော်ပညာရှင်ကြီးတွေက သူတို့ရဲ့နေ့စဉ်ဘဝကို ဘယ်လိုဖြတ်သန်းပြီး ဘယ်လိုကောင်းသော အကျင့်လေးတွေရှိလဲဆိုတာကို လေ့လာကြည့်ရအောင်လား။

 ၀၁. စိတ်ထဲပေါ်လာရင် ချက်ချင်းချရေး

စိတ်ထဲမှာ ပေါ်လာတဲ့ အကြံဥာဏ်တွေကို ဘယ်လိုမှတ်သားထားပါသလဲ။

ကမ္ဘာကျော်ပညာရှင်ကြီးတွေက သွားလေရာနေရာမှာ စာအုပ်နဲ့ဘောပန်က အမြဲတမ်းဆောင်ထားလေ့ရှိတယ်လို့ဆိုပါတယ်။

Edisonဟာဆိုရင် ဘယ်ကိုပဲသွားသွား ရေးစရာစာအုပ်နဲ့ဘောပန်က ပါသွားလေ့ရှိပြီး သူရဲ့တက္ကသိုလ်ကျောင်းသားဘဝတုန်းကဆိုရင် သူမှတ်ထားတဲ့စာအုပ်အရေအတွက်က
အုပ် ၃၅၀၀ ကျော်တယ်ပါတယ်။ သူရဲ့ကျောင်းစာအုပ်တွေထဲမှာ ဘာတွေရေးထားသလဲဆိုတာကို အဓိပ္ပာယ်ဖွင့်နေတာဟာ ၂၀၁၅ မှပြီးမယ်လို့သိရပါတယ်။

ဘယ်လိုအကြံဥာဏ်တွေပဲဖြစ်ဖြစ် ခေါင်းထဲပေါ်လာတာကို ချက်ချင်းရေးမှတ်ထားသင့်ပါတယ်။စာအုပ်ရှိရမယ်လို့မဆိုလိုပါ။ယခုခေတ် ဖုန်းတွေထဲမှာလည်း ရေးမှတ်နိုင်တာကြောင့်
ချက်ချင်းလုပ်ဖို့သာ အရေးကြီးပါတယ်။ ရေးရုံနဲ့တော့ မပြီးဘူးနော်။ ပြန်ဖတ်လို့ရအောင်လည်း ရေးဖို့ရယ် လုပ်ဖို့လည်း လိုပါတယ်။

၀၂. လမ်းလျှောက်ပါ

သဘာဝ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် မြို့ထဲမှာပဲဖြစ်ဖြစ် လမ်းလျှောက်ရင် ဘာရယ်လို့တော့ မဟုတ်ဘူး စိတ်သက်သာပြီး စိတ်ကကြည်လာတဲ့အခါလည်း ရှိပါတယ်။
ဂီတလောကရဲ့ ဖခင်ကြီး Beethoven လာဆိုရင်လည်း လမ်းလျှောက်တာကို တော်တော် ဝါသနာ ပါတယ်လို့ဆိုပါတယ်။

အိမ်ကနေ ရုံးအထိ လမ်းလျှောက်တာ တခုတည်းမဟုတ်ပဲ မနက်ခင်းလေးမှာပဲဖြစ်ဖြစ် လမ်းလျှောက်တဲ့အကျင့်ကိုမွေးထားရင် အကြံကောင်း ဥာဏ်ကောင်းတွေပိုရလာမှာ အမှန်ပါ။

၀၃. မနက်စောစောထပါ

အမေရိကန်နိုင်ငံရဲ့ ဒေါ်လာ ၁၀၀ တန်တွင်ပါသော Benjamin Franklin ဆိုရင် မနက်စောစောထပြီး အလုပ်လုပ်သူအဖြစ် ထင်ရှားပါတယ်။
မနက်စောစောထပြီး အလုပ်လုပ်တာဟာ ပတ်ဝန်းကျင်မှာ နှောက်ယှက်မယ့်သူမရှိတာကြောင့် အေးအေးဆေးဆေး စဉ်းစားပြီး အလုပ်လုပ်နိုင်ပါတယ်။

၀၄. အချိန်အတိုင်း တိတိကျကျ အလုပ်ကိုလုပ်ပါ

ကမ္ဘာကျော်ပညာရှင်ကြီးတွေဟာ သူတို့ရဲ့အလုပ်ကို အချိန်တိတိကျကျလုပ်လေ့ရှိတယ်လို့ဆိုပါတယ်။
တနေ့ကို ဘယ်နှစ်နာရီ ဘယ်လောက်အထိလုပ်မယ်ဆိုတာကို သေသေချာချာ ဇယားချပြီး လုပ်တဲ့အတွက် အချိန်ကို အသုံးချတဲ့နေရာမှာလည်း ထူးချွန်လို့ ကမ္ဘာကျော်ကြတာပါ။

၀၅. အရေးကြီးသောအလုပ်နဲ့ သာမန်အလုပ်ကို သေသေချာချာ ခွဲခြားဆုံးဖြတ်ပါ

ယခုခေတ်ကြီးမှာတော့ Mailတွေပို့ပြီး တယောက်နဲ့တယောက် အဆက်အသွယ်လုပ်ကြပင်မဲ့ အရင်တုန်းကတော့ စာရေးပြီး အဆက်အသွယ်လုပ်ကြတာပါ။
ကမ္ဘာကျော်ပညာရှင်ကြီးတွေက သူတို့ရဲ့အချိန်ကို ဥပမာ အရေးကြီးသောကိစ္စတွေကို မနက်ပိုင်းမှာ ဆုံးဖြတ်ပြီး စာတွေနဲ့အကြောင်းပြန်ရမယ့်ကိစ္စတွေကို ညနေကျမှလုပ်တယ်လို့ဆိုပါတယ်။

ဆိုလိုတာက အရေးကြီးသောကိစ္စနဲ့ အရေးမကြီးသောကိစ္စကို သေသေချာချာ စဉ်းစားဆုံးဖြတ်ဖို့ လိုတယ်ဆိုတဲ့အကြောင်းကို သိထားရပါမယ်။

နိဂုံးချုပ် အနေနဲ့ အကျင့်ကောင်းတွေရှိခြင်းအားဖြင့် သူတပါးကို ပြန်လည်ဝေငှနိုင်သလို ကိုယ့်အတွက်လဲ ကောင်းကျိုးတွေကို ရရှိစေမှာပါ။

Credit : Chelmo Team

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top