iMyanmarHouse.com - Best Property Website for Myanmar
×










ဗြိတိန်အဆိုတော် ဂျက် စီဂျေက ၎င်း၏တင်ပါးထက်၌ စာ လုံးပေါင်းမှားနေသော တက်တူး တစ်ခုရှိသည်ဟု ဗြိတိန် The Graham Norton Show ဟာသ အစီအစဉ်တစ်ခု၌ ထုတ်ဖော်ပြော ကြားသည်။
Bang Bang အဆိုတော် ဂျက်စီဂျေက ယင်းစာလုံးပေါင်း အမှားကို မိခင်ပြောပြမှသာ သိရှိခဲ့သည်ဟုလည်း    ပြောကြား သည်။

‘‘ကျွန်မ အဲဒီတက်တူးထိုးခဲ့ တာကြာပါပြီ။ Don't lose who you are in the blur of the star! ဆိုတဲ့ တက်တူးပေါ့။ ဒါပေမဲ့ ကျွန်မအမေက ကျွန်မကို ရယ်ပြီး လာပြောတော့မှ ကျွန်မထိုးခိုင်းတဲ့ အတိုင်း lose မဟုတ်ဘဲ loose ဆို ပြီး စာလုံးပေါင်းမှားနေတာကို သိလိုက်ရတယ်။ တကယ်ကိုဆိုး လိုက်တဲ့ အမှားကြီး’’ဟု ဂျက်စီ ဂျေက ပြောကြားသည်။

ယင်းသို့ စာလုံးပေါင်းမှားနေ သော တက်တူးကြောင့် စိတ်မလုံ မလဲဖြစ်၍ ခါးအထက်ပိုင်းထိ ရောက်သော အဝတ်များကို ဝတ် ဆင်ခြင်းဖြစ်သည်ဟု ဂျက်စီဂျေ က ရှင်းပြသည်။

‘‘ကျွန်မ    အဲဒီတက်တူးကို လူမမြင်အောင်ဆက်ဖုန်းထားရ မယ်။ နောက်ထပ်တက်တူးလည်း ထပ်မထိုးတော့ပါဘူး’’ဟု ဂျက်စီ ဂျေက ပြောကြားသည်။ အဆိုတော် ဂျက်စီဂျေသည် ခန္ဓာကိုယ်၌ တက်တူးငယ်များစွာ ထိုးထားသူဖြစ်သည်ဟု     သိရ သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top