iMyanmarHouse.com - Best Property Website for Myanmar
×









 တောင်ကိုရီးယားသရုပ်ဆောင်မင်းသမီး ကင်ထယ်ဟီးကို တရုတ်နာမည်ကျော်လူမှုမီဒီယာ Weibo က ၂၀၁၄ ၏ ဩဇာအညောင်းဆုံးပုဂ္ဂိုလ်အဖြစ် ရွေး ချယ်ခဲ့သည်။

ကေဒရာမာစတား ကင်ထယ် ဟီးသည် ဇန်နဝါရီ ၁၅ ရက်တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ ပြုလုပ်သည့် 2014 Sina Weibo Night  ဆုပေးပွဲ၌ ၂၀၁၄ ၏ ဩဇာအညောင်း ဆုံးပုဂ္ဂိုလ်ဆုရရှိခဲ့သည်ဟု   တရုတ်မီဒီယာများက ဖော်ပြသည်။

ယင်းဆုကို လက်ခံရယူစဉ် ကင်ထယ်ဟီးက ‘‘ဒီလို အဓိပ္ပာယ်အပြည့်အဝရှိတဲ့ပွဲကို တက်ရောက်ဖို့ ကျွန်မကို ဖိတ်ကြားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီဆုကို လက်ခံရရှိလို့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ တရုတ်ပရိသတ်တွေနဲ့ တွေ့ရတဲ့အတွက်လည်း ဝမ်းသာရပါတယ်’’ဟု ပြောကြားသည်။

တရုတ်နိုင်ငံ၌ အလွန်လူသုံးများသော လူမှုမီဒီယာတစ်ခုဖြစ်သည့် Weibo တွင် ပရိသတ်အကြိုက်ဆုံးဖြစ်နေသည့် သရုပ်ဆောင်များနှင့် အဆိုတော်များကို နှစ်စဉ်ဂုဏ်ပြုဆုချီးမြှင့်လေ့ရှိရာ ကင်ထယ်ဟီးက ၂၀၁၄ အတွက် Weibo ၌ ဩဇာအညောင်းဆုံးပုဂ္ဂိုလ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။ ကင်ထယ်ဟီးသည် တရုတ် ရုပ်သံဇာတ်လမ်းတွဲ 'Sage Wang Xizhi' ၌ ပါဝင်သရုပ်ဆောင်စဉ် တရုတ်ပရိသတ်များ၏ တစ်ခဲနက်အားပေးမှုရရှိခဲ့ခြင်းဖြစ်သည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top