iMyanmarHouse.com - Best Property Website for Myanmar
×



သင့်ချစ်သူဟာ သင်ထင်ထားတာထက်ပိုပြီး သင့်အ၀တ်အစားတွေ၊ အဆင်တန်ဆာတွေကို သတိပြုမိပါတယ်။ တစ်ခါတစ်လေ အမျိုးသမီးတွေရဲ့ ဖက်ရှင်အချို့ဟာ အမျိုးသားတွေအတွက်တော့ နားလည်လို့မရနိုင်တဲ့အရာတွေ ဖြစ်နေတတ်ပါတယ်။ ဘယ်လိုဖက်ရှင်ဒီဇိုင်း၊ အဆင်တန်ဆာတွေကို သူတို့မုန်းလေ့ ရှိကြပါသလဲ။

၁။လမ်းလျှောက်လို့ အဆင်မပြေတဲ့ ဖိနပ်တွေ စီးတာမျိုး

တစ်ခါတစ်လေ ဖျော်ဖြေပွဲတွေ၊ပါတီတွေ၊ ရှော့ပင်သွားတဲ့အခါတွေမှာအမျိုးသမီးတွေဟာ ဒေါက်မြင့်
ဖိနပ်တွေစီးလေ့ရှိကြပါတယ်။စီးပြီးသိပ်မကြာခင်မှာ ခြေထောက်နာတာ၊ ခြေထောက်ပေါက်တာ၊
 ဒေါက်ကမြင့်လွန်းလို့ ခါးနားတာတွေ ဖြစ်လာပြီး ထော့နင်း ထော့နင်း လမ်းလျှောက်ကြရပြီဆိုရင်တော့ သင့်ချစ်သူ ကောင်လေးက ပြောပါလိမ့်မယ်။ ဒါကြီးဘာလို့များ စီးလာတာလဲ။ ပိုလှသွားတာလည်း မဟုတ်ဘူးဆိုပြီးတော့ပေါ့။ အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို နားမလည်တဲ့အပိုင်းက ဘာ့ကြောင့်များ စီးရတာ သက်တောင့်သက်သာမရှိတဲ့ ဖိနပ်တွေကို သူတို့စီးနေကြပါလိမ့် ဆိုပြီးတော့ပါပဲ။

၂။အမွှေးပွ booအ ဖိနပ်လို ဟာကြီးတွေ စီးတာမျိုး

ဂျပန်မလေးတွေ သူတို့နိုင်ငံမှာ အေးလွန်းလို့ အသားကပ်ဘောင်းဘီ၊ ခြေအိတ်တွေနဲ့ ဒီလို ဖိနပ်မျိုးတွေ စီးတာထားပါ။ တစ်ခြားနိုင်ငံတွေ၊ အထူးသဖြင့် ရာသီဥတု မအေးတဲ့အခါ အဲ့ဒီလို သိုးမွှေးတွေနဲ့ ချုပ်လုပ်ထားတဲ့ ဖိနပ်အကြီးကြီးတွေ စီးတာကို မြင်ရတာ အမျိုးသားတွေဟာ လှတယ်လို့ မထင်တတ်ကြပါဘူး။

၃။ခေါင်းမှာ ပတ်တဲ့ headband တွေ


ခုနောက်ပိုင်း မိန်းကလေးတွေဟာ ခေါင်းမှာ headband တွေနဲ့ အလှဆင်တတ်လာကြပါတယ်။ သူက အလျှော့အတင်းပါတဲ့ ဆွဲလို့ဆန့်လို့ရတဲ့ ကွင်းအကြီးကို အလှဆင်ထားတာဖြစ်ပြီး ခေါင်းပေါ်ကနေ စွတ်လိုက်ရုံပါပဲ။ ဒါပေမယ့် စွတ်ပြီး လှုပ်ရွတာများသွားရင်တော့ ဆံပင်ကို အပေါ်ဘက် တွန်းတင်သလို ဖြစ်သွားတတ်ပါတယ်။ ဒါကို အမျိုးသားတွေကတော့ ရေဘ၀ဲလို ပုံစံဖြစ်သွားတယ်လို့ ဟာသပြောတတ်ကြပါတယ်။ ဒီလိုဟာမျိုးတွေ ဆင်မြန်းလာတဲ့နေ့ဆို ကိုယ့်ချစ်သူရဲ့ ခေါင်းကို ထိဖို့ စဉ်းစားလို့မရတော့ပါဘူး။ ပုံတန်းပျက်သွားနိုင်လို့ပါ။

၎။လည်ပင်းပေါက် ကျယ်လွန်းတဲ့ အင်္ကျံတွေ၊ အရမ်းကျပ်ထုတ်လွန်းတဲ့ အင်္ကျံတွေ

တစ်ချို့အင်္ကျံတွေက လည်ပင်းပေါက်အဟိုက်မို့ မိုက်ကလေးတွေက နှစ်ထပ်ဝတ်ပြီး လက်မောင်းသားကိုပေါ်အောင် ဆွဲချဝတ်ဆင်တတ်ကြပါတယ်။ အမျိုးသားတွေက ဒီလိုဝတ်ဆင်ရင် သဘောမကျကြသလို ကိုယ်နဲ့မတော်တာကို ကောက်စွပ်လာသလို ဖြစ်စေတဲ့ အင်္ကျံမျိုးတွေကို
လည်း သူတို့ ရက်စ်လို့ ပြောမှာ မဟုတ်ပါဘူး။

၅။ခန္ဓာကိုယ်အချိုးအစားပေါ်လွင်အောင် အတင်းဝတ်စားထားတဲ့ အ၀တ်အစား

အမျိုးသားအများစုက အမျိုးသမီးတွေ high-waisted ဘောင်းဘီတိုတွေ ၀တ်ရင် ကြည့်ရဆိုးတယ်
လို့ သတ်မှတ်တတ်ကြပါတယ်။ မိန်းကလေးတွေက သူတို့ကောက်ကြောင်းအလှကို သိသာစေဖို့ ၀တ်တယ်ဆိုရင်တောင် တစ်ခြားဂျင်းဘောင်းဘီကိုသာ ပိုမဲပေးတတ်ကြပါတယ်။

၆။ဖော်လွန်း၊ ပေါ်လွန်းနေတဲ့ အ၀တ်အစားတွေ

သွားရမယ့်နေရာနဲ့ ကိုယ်ဝတ်ထားတာက လုံးဝမအပ်စပ်ပဲခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့ နေရာလေးတွေ
ကိုသာ ဖုံးထားသလောက် ၀တ်ထားတာမျိုးဆိုရင် သူတို့ လုံးဝ မကြိုက်ကြပါဘူး။ တွဲသွားရင် အားလုံးက ငေးကြည့်ကြမှာကို မနှစ်သက်သလို သင့်ကိုလည်း နောင်ဒီလိုမ၀တ်ဖို့ တားပါလိမ့်မယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top