iMyanmarHouse.com - Best Property Website for Myanmar
×

၁- ကျောက်ကပ်ကျန်းမာရေးနှင့်တကွ ကျောက်ကပ်နှင့်ဆိုင်တဲ့ရောဂါများကိုကာကွယ်နိုင်ပြီး ကျောက်
ကပ်ကျောက်တည်ခြင်းမှလဲကာကွယ်ပေးခြင်း

၂- လည်းချောင်းနှင့်ဆိုင်သောရောဂါနှင့်တုပ်ကွေးဖြစ်ခြင်းမှလည်း သက်သာစေခြင်း

၃- ကင်ဆာရောဂါကာကွယ်မှုနှင့်အထူးသဖြင့် ရင်သားကင်ဆာသမားများအတွက် ကောင်းမွန်ခြင်း

၎- ကိုယ်တွင်းအပုပ်အညစ်များကိုကျစေခြင်း

၅-ဖျားနာနေမကောင်းဖြစ်ပြီးလျှင်ကြံရည်သောက်သင့်တဲ့အဓိကအချက်ကတော့နေမကောင်းဖြစ်ချိန်
တွင်ပျောက်ဆုံးသွားသောပရိုတိန်းဓါတ်နှင့် သကြားဓါတ်များကိုပြန်လည်ဖြည့်တင်းပေးခြင်း

၆-အသားအရည်တွင်မရှိမဖြစ်လိုအပ်တဲ့ ရေဓါတ်ကိုဖြည့်တင်းပေးပြီးဝက်ခြံများထွက်ခြင်းမှသက်
သာစေခြင်းနှင့် ကြံရည်ကို သင့်မျက်နှာပေါ်မှာလိမ်းပြီး မိနစ်ပိုင်းထားပေးခြင်းကို ပုံမှန်လုပ်ပေးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းမှကင်းဝေးစေခြင်း

၇- ကယ်လ်စီယမ်၊ကိုဗော့၊ကြေး၊မဂ္ဂနီဆီယမ်၊ဖော့စဖောရပ်၊ပိုတက်ဆီယမ်နှင့်သံဓါတ်တို့ ပါဝင်ပါတယ်။

၈-ဗီတာမင်များအနေဖြင့်လည်းဗီတာမင်B1,B2,B3,B5တို့ ပါဝင်ပြီးအမျှင်ဓါတ်နှင့်ပရိုတိန်းတို့ လည်း
ပါဝင်ပါတယ်။

၉-သင့်လက်သည်းမှာအဖြူအစက်ကလေးတွေရှိရင်သင့်အစားအစာထဲမှာသကြားဓါတ်အလွန်
နည်းနေတာကြောင့် သကြားပြည့်ဝစွာပါဝင်တဲ့ကြံရည်ကိုသောက်ပေးခြင်းဖြင့် သင့်လက်သည်းခြေသည်းတွေကိုပိုမိုတောက်ပြောင်လာစေမှာပါ။

၁၀-ကြံရည်ဟာသင့်သွားအလှနှင့်ကျန်းမာရေးကိုပါထိန်းသိမ်းပေးပြီးသင့်သွားတွေတောင်ပြောင်စေဖို
့နဲ့ ပိုးစားခြင်းမှကာကွယ်ပေးခြင်းတို့ ကိုလုပ်ဆောင်ပေးပါတယ်။

၁၁-အသားဝါရောဂါဖြစ်ခြင်းမှလည်းကာကွယ်ပေးတာကြောင့်ယခုပဲလတ်ဆတ်တဲ့ကြံရည်တစ်ခွက်
အမြန်သောက်လိုက်ပါ။

Credit : Thithtoolwin

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top