iMyanmarHouse.com - Best Property Website for Myanmar
×



အမျိုးသမီးတွေဆီမှာ  လက်ကိုင်အိတ်ဖြစ်ဖြစ် ၊ လက်ဆွဲအိတ်ဖြစ်ဖြစ်  တစ်ခုထက်မက ပိုင်ဆိုင်ကြမှာဖြစ်ပါတယ်။ ဒီလို ပိုင်ဆိုင်ထားတဲ့အိတ်တွေထဲ မှာ ချောင် ထိုးထားရတဲ့ အိတ်အချို့လည်း ရှိကြမှာပါ။ မကြိုက်လို့ဘဲဖြစ်ဖြစ်၊ ဟောင်းသွားလို့ဘဲဖြစ်ဖြစ်၊ ဒီဇိုင်းရိုးသွားလို့ဘဲဖြစ်ဖြစ် ချောင်ထိုးထားမိတတ်ပါတယ်။ အဲဒီလိုတွေထဲကမှ ဟောင်းပေမယ့်လည်း အကြိုက်ဆုံးဖြစ်နေတဲ့ အိတ်တစ်လုံးလောက်ကတော့ ရှိနေအုံးမှာပါဘဲ။ဒါကြောင့် နောက်ထပ်အိတ်အသစ်တွေကို ဝယ်တဲ့အခါ ဘယ်လိုပုံစံမျိုးက ကိုယ့်ဆီမှာ ရှိထားသင့်တယ်ဆိုတာ သိဖို့လိုပါလိမ့်မယ်။

တစောင်းလွယ်အိတ်

အမျိုးသမီးတွေအတွက် တစောင်းလွယ်အိတ်ကလေးတွေဟာ ရှိဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအိတ်အမျိုးအစားလေးတွေဟာ လူကို သက်သောင့်သက်သာဖြစ်စေပြီး လွယ်ရတာလည်း ပေါ့ပေါ့ပါးပါးဖြစ်စေပါတယ်။ ပစ္စည်းတွေကို ထုတ်ရ၊ ထည့်ရတာလည်း လွယ်ကူစေတာကြောင့် အဆင်ပြေစေတဲ့အိတ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ရထားစီးတဲ့အခါဖြစ်ဖြစ်၊ ကားစီးတဲ့အခါဖြစ်ဖြစ် ၊ဈေးဝယ်တဲ့အခါဖြစ်ဖြစ် အရမ်းကို ပေါ့ပါးစေတာကြောင့် သင့်အနေနဲ့ ပေါ့ပါးစွာ သွားလာချင်တဲ့နေ့တွေမှာ အခုလိုအိတ်မျိုးဟာ အရမ်းကို အဆင်ပြေစေမှာဖြစ်ပါတယ်။

ခရီးဆောင်အိတ်

ဒီလိုအိတ်အမျိုးအစားတွေဟာ နေ့စဉ်ဘဝလှုပ်ရှားသွားလာမှုတွေအတွက် လိုအပ်တဲ့အိတ်တစ်မျိုးဖြစ်ပါတယ်။ဥပမာ- အားကစားပစ္စည်းများထည့်တဲ့အိတ်၊ ကုန်စုံပစ္စည်းတွေထည့်တဲ့အိတ်၊ခရီးသွားတဲ့အခါ မိမိထိုင်ခုံအောက်မှာအလွယ်တကူ ထည့်ထားနိုင်တဲ့ခရီးဆောင်အိတ်တစ်မျိုးဖြစ်ပါတယ်။

လက်ကိုင်အိတ်

အမျိုးသမီးတွေအတွက် လက်ကိုင်အိတ်ဆိုတာ ပွဲတက်တဲ့အခါအဖြစ်ဖြစ်၊ အလုပ်သွားတဲ့အခါဖြစ်ဖြစ် ယူသွားဖို့လိုအပ်တဲ့အိတ်တစ်မျိုးဖြစ်ပါတယ်။ အိတ်ထဲမှာ Laptop တွေ ၊Tablet တွေ ၊ဖိုင်တွဲတွေ၊ စာရွက်စာတမ်းတွေထည့်ချင်တယ်ဆိုရင် အိတ်အကြီးကြီးတစ်အိတ်ကို ဝယ်ထားလိုက်ပြီး စမတ်ကျကျနဲ့ အလုပ်သွားနိုင်မှာဖြစ်ပါတယ်။တကယ်လို့ အခြေခံပစ္စည်းလေးတွေဖြစ်တဲ့ လက်ကိုင်ဖုန်းတွေ၊  မိတ်ကပ်ပစ္စည်းလေးတွေ၊ မှတ်စုစာအုပ်လေးတွေလို အသေးစားပစ္စည်းလေးတွေကိုသာထည့်မယ်ဆိုရင် အလတ်စားအရွယ် အိတ်တစ်မျိုးကို ဝယ်ယူသင့်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့အရောင်လေးနဲ့ မိမိအတွက် အမြဲတမ်း လိုက်ဖက်နေမယ့် အိတ်တစ်မျိုးအနေနဲ့ သင့်အတွက် စတိုင်လ်ကျလှပစေမှာဖြစ်ပါတယ်။

နေ့ပွဲတက် လက်ကိုင်အိတ်

 နေ့ဘက်မှာကျင်းပတဲ့ပွဲအချို့တွေကို ကျော့ရှင်းပေါ့ပါးစွာ စတိုင်လ်ကျကျ တက်ရောက် နိုင်ဖို့ ပွဲတက်လက်ကိုင်အိတ်လေးတွေကလည်း အမျိုးသမီးတွေအတွက် မရှိမဖြစ် ရှိနေသင့်တဲ့လက်ကိုင်အိတ်တစ်မျိုးဖြစ်ပါတယ်။ လက်ကိုင်အိတ်ရဲ့ စတိုင်လ်ကျလှပမှု က အမျိုးသမီးတွေအတွက် မိတ်ဆွေအပေါင်းအသင်းအလယ်မှာ တင့်တယ်ထည်ဝါမှုတစ်မျိုးကို ပေးစွမ်းပါတယ်။

ညပွဲတက်လက်ကိုင်အိတ်

မီးရောင်စုံတွေလင်းလက်ပြီး သာယာတဲ့တေးဂီတသံစဉ်လေးတွေနဲ့ ညနေပွဲလေးတွေကတော့ လူတွေရဲ့စိတ်ကို သာယာ ငြိမ့်ညောင်းစေပါတယ်။ ဒီလို ညနေခင်းပွဲလေးတွေအတွက်မိမိတို့ရဲ့ လက်ကိုင်အိတ်လေးတွေဟာ  ညနဲ့အညီလိုက်ဖက်နေဖို့လိုပါတယ်။ ညမီးရောင်လေးနဲ့အတူ မိတ်ဆွေပရိသတ်အလယ်မှာ ထင်ရှားပေါ်လွင်မှုကို မိမိရဲ့ လှပတောက်ပြောင်တဲ့ လက်ကိုင်အိတ်လေးက ကောင်းစွာ အထောက်အကူပြုနိုင်ပါတယ်။

ဖန်စီအိတ်လေးတွေ



ထူးခြားတဲ့ ပုံစံလေးနဲ့ ချစ်စရာအိတ်မျိုးလည်း အမှန်တကယ်ရှိထားသင့်ပါတယ်။ ဒါဟာ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပျော်ပွဲစားထွက်တဲ့အခါ သူငယ်ချင်းတွေရဲ့အမြင်မှာ ချစ်စရာကောင်းတဲ့အိတ်လေးနဲ့အတူ ဆွဲဆောင်မှုတစ်မျိုးဖြစ်စေပါတယ်။ ချစ်သူနဲ့လျောက်လည်ကြတဲ့အခါလည်း ဖန်စီအိတ်ကလေးကိုလွယ်ထားလိုက်ရင် ချစ်သူရဲ့အမြင်မှာ ကဗျာဆန်လှပနေမှာဖြစ်ပါတယ်။

Credit : Yangon Life

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top