iMyanmarHouse.com - Best Property Website for Myanmar
×














ပရိသတ်များပေးသည့် မေတ္တာကြောင့် လူတွေ့စစ်ဆေး ခြင်းကို အကောင်းဆုံးဖြေဆိုနိုင်ခဲ့ ပြီး ဒိုင်များအတွက် ဟာသတစ်ခု ကိုပါပြောပြနိုင်ခဲ့ကြောင်း အမေရိ  ကန်နိုင်ငံတွင် မယ်စကြဝဠာပြိုင် ပွဲသို့    သွားရောက်ယှဉ်ပြိုင်နေသည့် သျှားထွဋ်အိန္ဒြာက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေး သားထားသည်။

မယ်စကြဝဠာပြိုင်ပွဲ  စခန်း ဝင်သည့်အချိန်အမှတ်တရအဖြစ် ဆုံးအဖြစ်အပျက်အကြောင်း ဒိုင် များက မေးမြန်းခဲ့ရာ သျှားထွဋ် အိန္ဒြာက ကြီးကြီးမားမားအမှတ် တရမရှိသော်လည်း Trump National Hotel ၌  နေထိုင်သည့် အချိန်က ည ၁၀ နာရီခန့်တွင် မီးအရေးပေါ်အချက်ပေးကို မည်သူမှားနှိပ်မှန်းမသိသောကြောင့် ရေချိုးနေသူ၊ အိပ်နေသူများ အလန့်တကြားပြေးသွားခဲ့ကြပြီး   ၎င်းကိုယ်တိုင်လည်း ဆပ်ပြာတန်းလန်းဖြင့်    တွေ့သည့်အဝတ်ကို ကောက်ဝတ်ကာ ပြေးခဲ့ရသည်မှာ အမှတ်တရဖြစ်ခဲ့ကြောင်း ဖြေ၏ လူတွေ့စစ်ဆေးခြင်းကို ဇန်န ဝါရီ ၂၀ ရက်ကပြုလုပ်ခဲ့ခြင်းဖြစ် ပြီး သျှားထွဋ်အိန္ဒြာ၏ ဘာသာ ပြန်အဖြစ် ဦးရော်နီငြိမ်းက ဆောင်ရွက်ပေးခဲ့သည်။

‘‘ဒိုင်လူကြီးနှစ်ဖွဲ့ panel နှစ် ခုနဲ့ လေးမိနစ်စီအတွင်း မေးသမျှ တွေကို သျှားထွဋ်အိန္ဒြာက ရွှင်ရွှင် လန်းလန်း၊ ပေါ့ပေါ့ပါးပါးနဲ့ ဒိုင် တွေပါ ရယ်မောပျော်ရွှင်သွား အောင် ဖြေဆိုနိုင်ခဲ့ပါတယ်။ ဒီလို upbeat ဖြစ်နေတဲ့ကလေးမျိုး အတွက် interpreter လုပ်ရကျိုး နပ်ပါပေတယ်’’ဟု ဦးရော်နီငြိမ်း ၏  ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

မယ်စကြဝဠာပြိုင်ပွဲဝင်များ ၏ National Costume ပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက်တွင် အမေရိ ကန်ပြည်ထောင်စု Florida ပြည် နယ် Miami-Dade ခရိုင် Doral မြို့ Florida International University ၌   ပြုလုပ်မည်ဖြစ် ပြီး မြန်မာနိုင်ငံကိုယ်စားပြုအလှ မယ် သျှားထွဋ်အိန္ဒြာက ပန်ထွာ ဘုရင်မ၏ စစ်ထွက်ဝတ်စုံဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top