iMyanmarHouse.com - Best Property Website for Myanmar
×

အသင့်စားအစားအစာများ ပေါများလာသည့်အတွက် ကလေးများအဝလွန်ခြင်းများ ယခင်ကထက် ပိုမို ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။“ဆရာတို့ပတ်ဝန်းကျင်မှာ အဝလွန်တဲ့အရာတွေက အရင်ကနဲ့မတူပါဘူး။ တော်တော်လေးပေါများလာ ပါပြီ။ အသင့်စားအစားအစာတွေကလဲ အရမ်းကိုများပါတယ်။ အဲဒီအသင့်စား အစားအစာတွေကို စား ခြင်းအားဖြင့် ကလေးတွေကို အဝလွန်ခြင်းဖြစ်စေပါတယ်” ဟု ကလေးအထူးကုဆရာဝန် ဒေါက်တာ မြင့်လွင်က ပြောသည်။

ကလေးများ၏ နေထိုင်မှုပုံစံ၊ ပတ်ဝန်းကျင်များအပြောင်းအလဲများ ရှိလာသည့်အတွက်လည်း ကလေး များအဝလွန်ခြင်းများ ဖြစ်လာကြောင်းသိရသည်။

“ကျွန်မကလေးဘဝတုန်းကဆိုရင် ကျောင်းကပြန်လာပြီဆိုရင် လွယ်အိတ်ကလေးချပြီးတော့ အပြင် ထွက် သူငယ်ချင်းတွေနဲ့ ကစားနည်းအမျိုးမျိုးပဲ ကစားကြတယ်။ အခုခေတ်မှာတော့ အဲလိုမျိုးတွေမရ တော့ဘူး။ ရန်ကုန်မြို့မှာဆိုရင် လမ်းတွေပေါ်တက်ပြီး ကစားလို့လဲမရတော့ဘူး။ ကားတွေ၊ ဘာတွေနဲ့ ဆိုတော့ ကလေးတွေရဲ့ နေထိုင်မှုပုံစံပြောင်းလဲသွားတယ်။ အဲဒီလိုအခါမျိုးတွေမှာ ကလေးတွေမှာ အဝလွန်တာတွေ ဖြစ်လာနိုင်တယ်” ဟု ကလေးမိခင်တစ်ဦးက ပြောသည်။

ကလေးများအဝလွန်သည့် အစားအသောက်အစား ကျန်းမာရေးနှင့်ညီညွတ်သော အထူးသဖြင့် အသီးအနှံများစားသောက်ကြရန် ပြုစုပျိုးထောင်ပေးသင့်ကြောင်းသိရသည်။“ကလေးတွေရဲ့နေထိုင်မှုပုံစံကလဲ
 ပြောင်းလဲလာပါပြီ။ ကလေးတွေက ကျူရှင်ကျောင်း၊ ကျောင်းတက် ပြီးရင် ကျူရှင်တက်ရတယ်။ ကျူရှင်ပြီးတော့ အားတဲ့အချိန်လေးတွေမှာ TV Game နဲ့ပဲအချိန်ကုန်နေ တယ်။ အဲဒါမှမဟုတ်ရင်လဲ TV ရှေ့မှာပဲ အချိန်ကုန်နေတဲ့အတွက်ကြောင့် အဝလွန်တာတွေ ဖြစ်နိုင်ပါ တယ်” ဟု ဒေါက်တာမြင့်လွင်က ဆက်လက်ပြောသည်။

မိဘများအနေဖြင့် ကလေးများအား ကျန်းမာရေးနှင့်ညီညွတ်သော ဘဝရရှိစေနိုင်ရန်အတွက် ပြုစုပျိုး ထောင်မှုများ ပြုလုပ်ပေးသင့်ကြောင်း၊ ယင်းသို့ပြုစုပျိုးထောင်ရာတွင် အခက်အခဲများရှိနိုင်သော်လည်း အတတ်နိုင်ဆုံး ပြုလုပ်ပေးသင့်ကြောင်း သိရသည်။


Credit : Democracy Today Daily

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top