သမီးရည်းစားဘ၀၊အိမ်ထောင်သည်ဘ၀တွေမှာလမ်းခွဲခြင်းဆိုတဲ့အရာက ယောကျာ်းဖြစ်သူတစ်ယောက်
တည်းရဲ့ ဒေါသကြောင့်ချည်းဖြစ်ပေါ်လာတာမဟုတ်ပါဘူး ။ဒီလိုပြောလို့ မနုဿက
ယောကျာ်းတွေဘက်က ဘက်လိုက်တယ်လို့ မထင်လိုက်နဲ့နော်။ မိန်းကလေးတွေဘက်က
ဘက်လိုက်လို့ ခုလိုမျိုး ကိုယ်ရှောင်ကြဉ်သင့်တဲ့ အချက်လေးတွေကို
အားလုံးအတွက် ရေးသာတင်ပြပေးလိုက်ရတာပါ။
ဒါလေးကို ဖတ်မိတဲ့ ယောကျာ်းလေးတွေလည်း ကိုယ်ချစ်တဲ့ ချစ်သူကို ပြန်ပြီးဖတ်ခိုင်းပေးပါ။မိန်းကလေးတွေကလည်း ကိုယ့်ချစ်တဲ့သူကို ကိုယ်ဘာတွေကျူးလွန်မိလဲဆိုတာကို ပြန်လည် ဆန်းစစ်ကြည့်ပြီး ပြုပြင်ကြည့်စေချင်ပါတယ်။
ခုခေတ်မှာ
တော်တော်များများ စုံတွဲတွေဟာ ကွာရှင်းပြတ်စဲကြတာတွေရယ်၊
သမီးရည်းစားအတွဲတွေ လမ်းခွဲကြတာတွေဟာလည်း ထမင်းစား၊ ရေသောက်
ကိစ္စတစ်ခုလိုမျိုးပဲ တစ်နေ့ထက်တစ်နေ့ ပိုပိုများလို့လာရပါတယ်။
လမ်းခွဲကြပြီဆိုကတည်းက ဘာအကြောင်းကြောင့်ပဲ ခွဲရခွဲရ ဘယ်သူမှ
စိတ်ချမ်းသာကြမှာမဟုတ်ပါဘူး ။
တစ်ချို့အတွဲတွေမှာ ယောကျာ်းလေး သစ္စာ
မရှိလို့ကြတာပဲဖြစ်ဖြစ် ၊ မိန်းကလေးက ရှုပ်တာပဲဖြစ်ဖြစ် ၊
အကြောင်းရင်းမျိုးစုံတွေနဲ့ အိမ်ထောင်သည်တွေမှာပါ
ခွဲခွာခြင်းတွေဖြစ်ပေါ်လာရပါတယ် ။
တကယ်တော့ယောကျာ်းတော်တော်များဟာ ကွာရှင်းဖို့၊ လမ်းခွဲဖို့တို့ကို အလွယ်တကူပြောဖို့ သတ္တိမရှိကြပါဘူး။
ဒါပေမဲ့
မိန်းမတွေက သူတို့တွေမကြိုက်နိုင်တဲ့ အပြုမှုတွေရယ် သူတို့အထိနာလောက်တဲ့
ချက်ကောင်း တစ်နည်းအားဖြင့်ပြောရရင် သေကွင်းကို နှိပ်မိလိုက်တဲ့အခါ
သူတို့မှာ ပြောမပြနိုင်တဲ့သတ္တိတွေ
ထွက်ပေါ်လာရပြီးမိန်းမဆိုတာအားနွဲ့တဲ့အမျိုး၊
ပြန်ငဲ့ကြည့်ရမဲ့အမျိုးဆိုတာကို မေ့လာကြပါတယ်။
ဒေါသတွေ ရှေ့ထားပြီးတဖြည်းဖြည်း တစ်ဦးကိုတစ်ဦး
ထောက်ထားစရာမရှိရလောက်အောင် မျက်နှာပျက်စရာတွေဖြစ်ပေါ်လာရပြီး
ညှိနှိုင်းလို့မရကြပဲ လမ်းခွဲဖို့ဖြစ်ပေါ်လာတတ်ကြပါတယ်။
ဒီနေ့တော့ မနုဿက
ကိုယ့်ချစ်တဲ့သူအပေါ် ဘယ်လိုသေကွင်းတွေကို ရှောင်ရှားပြီး
မလုပ်သင့်တာလေးတွေကို သတိပေးစကားများနဲ့ တင်ပြပေးလိုက်ပါမယ်နော်။ဖတ်ရှုပြီး
သာယာတဲ့ဘ၀လေးတွေကို ပိုင်ဆိုင်ကြတဲ့အခါ၊ အေးအေးချမ်းချမ်းနဲ့ လူမှုဘ၀ကို
ပုံမှန်ဖြတ်သန်းနိုင်ကြတဲ့အခါ မနုဿကို ကျေးဇူးမမေ့နဲ့နော်။
(၁)ယောကျာ်းလေးတွေ ပွဲတစ်ခုခုကိုကိုယ်မပါပဲ သွားပြီးဆင်နွဲတဲ့အခါ၊
သူငယ်ချင်းတွေနဲ့ တွေ့ဆုံစားသောက်တဲ့အခါ ၊ ရုံးကလုပ်ဖေါ်ကိုင်ဖက်တွေနဲ့
နှစ်ပတ်လည်ပွဲ အစရှိသဖြင့် ကိုယ်မပါရှိဘဲ သွားကြတဲ့အခါ
နောက်ကျတဲ့အခါမျိုးတွေမှာ မိန်းကလေးတွေရဲ့ သံသယက ဒီရေအလား ၀င်လာတတ်ကြပါတယ်။
တကယ်တော့ သူက တစ်ဘက်မှာ မဟုတ်တာလုပ်ချင်လဲ လုပ်နေပါလိမ့်မယ် ဒါမှမဟုတ်
တကယ်ပဲ သူငယ်ချင်းတွေနဲ့ ရိုးရိုးသားသားစားသောက်ချင်စားသောက်နေပါလိမ့်မယ်။
ဒါပေမဲ့ မိန်းမတော်တော်များများက သဘောထားမကြီးနိုင်ကြပါဘူး။
သံသယတွေနဲ့
အိမ်မှာ ဂယောက်ဂယက်ရိုက်နေတတ်ပြီး မကြာခဏဆိုသလို သူ့ဆီကို
ဖုန်းခေါ်နေမိပါလိမ့်မယ်။ ပြီးရင် ဘယ်တော့ပြန်လာမှာလဲ ၊ ဘယ်သူနဲ့အခုရှိနေလဲ၊
ဟုတ်လို့လား။ ပြန်ခဲ့တော့ အစရှိသဖြင့် သူ့ကိုခဏခဏငြူစူနေမိပါ့လိမ့်မယ်။
တကယ်တော့ ဒီအပြုမှုဟာ ယောကျာ်းလေးတွေတော်တော်များများ မကြိုက်တတ်ကြပါဘူး။
လူရှေ့သူရှေ့ ခဏခဏစစ်ဆေးခံနေရရင် သူတို့သိက္ခာချတယ်လို့ထင်မိတတ်ကြပါတယ်။
သူငယ်ချင်းတွေက မယက တို့ဘာတို့ စနောက်တဲ့ဒဏ်ကိုလည်း သူတို့အောက်တယ်လို့
ယူဆတတ်ကြပါတယ်။ မကြာခဏ ဆက်တဲ့အခါသူ့မှာ လူကြီးနဲ့စားတဲ့အခါမျိုးတွေမှာ
မျက်နှာပျက်ရပါတယ်။ အဲဒီမှာသူတို့ရဲ့ ဒေါသက ဖြစ်ပွားလာတတ်ကြပါတယ်။
ဒီလိုအခြေနေမှာ
မိန်းကလေးကလည်း မပူရဘူးလားဆိုတော့ ပူပါ ဒါပေမဲ့ ကိုယ့်ရဲ့လူက
ဘယ်လိုအကျင့်မျိုးရှိတယ်ဆိုတာကို လက်မတွဲခင်က ကြိုတင်လေ့လာထားပါ။
လက်တွဲပြီးရင်လည်း ယုံကြည်မှုတစ်ခုတည်ဆောက်ထားပြီး သူတို့သွားမဲ့လမ်းကို
အတတ်နိုင်ဆုံး ခြေထိုးမခံမိအောင်နေပါ။
ယောကျာ်းလေးတွေကလည်း
ပွဲတစ်ခုရှိမယ်ဆိုရင် ထိုက်သင့်သလို ကြိုတင်ပြောထားပါ။ ဘယ်သူနဲ့ဘယ်ဝါနဲ့။
နောက်ကျသွားရင်လည်း မတ်ဆေ့ခ်ျတစ်ကြောင်းလောက်ပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူကို
စိတ်မပူအောင် ပို့ထားပြီး အကျိုးအကြောင်းလှမ်းပြောထားပါ။ ဒီလိုဆိုရင်
နှစ်ဦးနှစ်ဘက်မှာ အပူပင်တွေလျော့သွားနိုင်ပြီး အေးအေးချမ်းချမ်းနဲ့
ဖြတ်သန်းလို့ရသွားမှာပါ။
(၂)ဘယ်တော့မှ ယောကျာ်းတစ်ယောက်စိတ်ဆိုးဒေါသထွက်နေချိန်မှာ မိန်းမသဘာဝ
စိတ်ပူပန်လို့ပဲဖြစ်ဖြစ် ၊ သိလိုစိတ်ပြင်းပြလို့ပဲဖြစ်ဖြစ် ဘေးကနေကပ်ပြီး
တဗြစ်တောက်တောက်ပြောမိတာမျိုးတွေ မေးမြန်းတာတွေ လုပ်တတ်ကြပါတယ်။
အဲဒီလိုအပြုမှုတွေက သူတို့တွေကို ပိုစိတ်ရှုပ်စေပြီး ကိုယ်ကတော့ စိတ်ပူလို့
မေးမြန်းနေပေမဲ့ သူတို့အတွက်ကတော့ ကိုယ်ကိုရှုပ်တယ်လို့ ထင်မိမှာပါပဲ။
တကယ်တော့ သူတို့တွေ ဒေါသထွက်လို့၊ စိတ်ညစ်နေတဲ့အချိန်တွေမှာ မိန်းမတွေ
လုပ်ရမဲ့အလုပ်က သူ့ဘေးကထွက်ခွာသွားဖို့လည်းမဟုတ်ပါဘူး ။ အနားမှာ
သူလိုအပ်တာလေးတွေကို ကြည့်ရှုဖြည့်ဆည်းပေးပြီး မျက်နှာရိပ်မျက်နှာကဲ
လေးကြည့်ပြီး ဆောင်ရွက်စရာရှိတာကို ဆောင်ရွက်ပေးပါ။ သူကိုယ်တိုင်
လိုလိုလားလား ဖြစ်ပျက်လာတဲ့ ပြဿနာကိုပြောပြလာရင်တော့ အေးအေးဆေးဆေးနဲ့
နားထောင်ပြီးမှ အကြံဥာဏ်ပေး၊ အားပေးတာမျိုးလုပ်ပါ။
(၃)လူတွေတော်တော်များများဟာ ကိုမြင့်နေတာထက် နိမ့်နေတာကို ပိုသဘောကျတတ်ပါတယ်။ ကိုယ်လှနေတယ်ဆိုရင်တောင် မနာလိုဖြစ်တတ်ကြပါတယ်။
ဒီမှာ
နောက်တစ်ခုမှတ်သားရမှာကတော့ ဘယ်တော့မှ အိမ်ကလူတွေရှေ့မှာပဲဖြစ်ဖြစ် သူ့ရဲ့
သူငယ်ချင်းတွေရဲ့ရှေ့မှာပဲဖြစ်ဖြစ် ယောကျာ်းဖြစ်သူ ၊ ရည်းစားဖြစ်သူရဲ့
အားနည်းချက်ကို မထုတ်ဖေါ်ပါနဲ့။ ကိုယ့်ရဲ့လူကို ကိုယ်လေးစားမှ သူများကလည်း
လေးစားကြမှာဖြစ်ပါတယ်။ ပြဿနာ တစ်ခုခု ရှိခဲ့ရင်တောင်
လူရှေ့သူရှေ့ရှင်းလင်းတာထက် နှစ်ဦးသား အေးအေးဆေးဆေးနဲ့ အများရှေ့မှာ
မဖြေရှင်းပါနဲ့။
လိုအပ်မှာသာ သူများအကူညီယူပြီး အကြံဥာဏ်ရယူပါ။
လူရှေ့ရှင်းလင်းရန်ဖြစ်ကြရင် ယောကျာ်းဖြစ်သူက
ပိုပြီးရှက်ရမ်းလည်းရမ်းမှာဖြစ်သလို ၊ ကိုယ့်အရှက်လည်းကိုယ်ခွဲလိုက်သလို
လည်းဖြစ်ပါလိမ့်မယ်။ မလိုသူတွေကလည်း ကိုယ်တွေအဆင်မပြေတာကို ကြည့်ပြီး
ဝမ်းမသာရလေအောင် ဒီအချက်လေးကိုတော့ နှစ်ဦးလုံးဆင်ခြင်စေခြင်ပါတယ်။
(၄)ယောကျာ်းဖြစ်သူရဲ့ မိဘ၊မောင်နှမ မကောင်းကြောင်း ပူညံငြူစူခြင်း
မလုပ်မိပါစေနဲ့။ အသစ်တီထောင်ခဲ့တဲ့ အိမ်ထက် သူ့ကိုဖန်တီးခဲ့တဲ့ မိဘကိုတော့
ကိုယ့်ထက်ခင်တွယ်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ်ကလည်း သူ့မိဘတွေ
မကောင်းကြောင်းပြောတာထက် မသင့်တော်တဲ့အကြောင်းရှိရင်လည်း မကောင်းတာကို
ဦးတည်ပြောတာမျိုးထက် ဘယ်လိုလေးဆို ပိုမကောင်းဘူးလား။ ဒီလိုလုပ်တော့ ကိုယ်က
ဘယ်လိုဖြစ်တယ်ဆိုတာမျိုးကို အကျိုးသင့်အကြောင်းသင့် ယောကျာ်းဖြစ်သူကို
ရှင်းပြပါ။ ကိုယ့်ရဲ့ မိဘ ၊ ကိုယ့်မောင်နှမ တွေ၊ ကိုယ့်အမျိုးတွေကို
သူလာပြောရင်လည်း ကြိုက်မှာမဟုတ်သလို သူအောက်သွားရအောင်လည်း မပြောမိပါစေနဲ့။
(၅)သူတို့အိပ်ကပ် ဒါမှမဟုတ် ပိုက်ဆံအိတ် ထဲမှာ အမြဲထည့်ထားတတ်တဲ့
အသေးသုံးပိုက်ဆံ ၊ ဟန်းဖုန်းကို သူရှေ့မှာပဲဖြစ်ဖြစ် ၊ ကွယ်ရာမှာပဲဖြစ်ဖြစ်
မလှန်လှောမိပါစေနဲ့ ။ အချင်းချင်း အပြန်လှန်လေးစားခြင်းနဲ့ ၊ Privacy
လေးတစ်ခု ကိုယ်စီရှိနေအောင် ဖန်တီးပေးပါ။ တကယ်လို့ မနေနိုင်မထိုင်နိုင်
လှန်လှောကြည့်ပြီး မိန်းကလေးတွေ အများစုဖြစ်တတ်တာက မဟုတ်တာရော
ဟုတ်တာရောစုပြီး သ၀န်တိုတာမျိုးတွေဖြစ်တတ်ကြပါတယ်။ ဒါကြောင့်
ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာရမယ်၊ ကိုယ်ချစ်တဲ့သူလည်း
စိတ်ချမ်းသာဖို့အတွက် သူ့ရဲ့ တစ်ကိုယ်ရေ တစ်ကာယ ၀န်းကျင်လေးကိုတော့
သီးသန့်လွပ်လပ်ခွင့်ပေးပါ။
တကယ်တော့ မနုဿ ပြောချင်တာက တစ်ခုတည်းပါ မိန်းကလေးတွေ ပါးနပ်မှုနဲ့ ကိုယ်ချစ်တဲ့သူကို
ချုပ်ကိုင်ပါ။ သံသယတွေ ၊ သ၀န်တိုမှုတွေ ၊ စိတ်မချမှုဆိုတဲ့ ကြိုးနဲ့
ချုပ်နှောင်ရင် ချုပ်နှောင်ခံရတဲ့သူက ပိုပြီးရုန်းထွက်ချင်ပါတယ်။
ကိုယ့်ရဲ့ပါးနပ်မှုလက်တစ်စုံက အလျော့အတင်းလေးနဲ့ ဥာဏ်ကိုလွှာပြီး
ထိန်းကွပ်လိုက်မယ်ဆိုရင် သင်တို့နှစ်ယောက်အတွက် လမ်းခွဲစကားတွေ
လည်းရှိတော့မှာမဟုတ်ပဲ ၊ သင်တို့နှစ်ယောက်ကြားမှာ ခြားနေတဲ့
တံခါးချပ်ဟာလည်း ရှိတော့မှာမဟုတ်ပါဘူး ။
ဒီတံခါးကို မိန်းကလေးဖြစ်တဲ့သင်ဟာ ပါးနပ်ခြင်းသော့တစ်စုံနဲ့ ဖွင့်ဟပေးပြီး
ကိုယ်ချစ်တဲ့သူဆီသင်ကိုတိုင်လည်း လျှောက်လှမ်းနိုင်မှာဖြစ်သလို
သင်ချစ်တဲ့သူဟာလည်း သင့်ဆီကို အပြေးတပိုင်းနဲ့သင့်ကိုပြန်လည်
ဖက်တွယ်လာပါလိမ့်မယ်။
Credit : မနုဿ ရဲ့ စာမျက်နှာလေးများ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ပါးနပ်မှုအတွက် သော့တစ်စုံ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။