iMyanmarHouse.com - Best Property Website for Myanmar
×














(၆၇)နှစ်မြောက် ကချင် ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်တွင်ပြုလုပ်သည့် Miss Manu Shayi 2015 ပြိုင်ပွဲ ၌   ဒေါ်အယ်လ်ခွန်းရီ၏ ဖိတ် ခေါ်မှုဖြင့် ဒိုင်အဖြစ်ဆောင်ရွက် ပေးခဲ့ရကြောင်း နန်းခင်ဇေယျာ က ပြောသည်။

‘‘ဒီပွဲကမလုပ်တာ   သုံး နှစ်လောက်ရှိပြီလို့ပြောတယ်။ ဒီ ပွဲလေးက ရန်ကုန်မှာလုပ်တဲ့ပွဲ တွေလိုပဲ အဆင့်မီမီပြုလုပ်တာ ပါ။ မေးခွန်းဖြေရတာတွေပါပါ တယ်။ နောက်ပြီး ပွဲကြီးတစ်ပွဲလို ပဲ ပြိုင်ပွဲအဆင့်ဆင့် ယှဉ်ပြိုင်ရ တာ။ ပြိုင်ပွဲဝင်တွေက တိုင်းရင်း သူတွေ၊ အတွေ့အကြုံလည်း အများကြီးမရှိဘူးဆိုတော့ နည်း နည်းရှိန်တာတွေတော့ရှိတယ်။ ညနေခင်းဝတ်စုံဆိုရင်လည်း သူတို့ရိုးရာတွေနဲ့ သေသေချာချာ ချုပ်ဝတ်ကြတယ်’’ဟု Miss Manu Shayi 2015 ပြိုင်ပွဲအကြောင်းကို နန်းခင်ဇေယျာက ပြောသည်။

ပြိုင်ပွဲဝင် ၃၀ ကျော်ပါဝင် ယှဉ်ပြိုင်ပြီး ယင်းပြိုင်ပွဲတွင် မိုးစက်ဝိုင်ကလည်း ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။

ယခင်က ဧည့်လမ်းညွှန်တစ် ဦးဖြစ်သော်လည်း ကချင်ပြည် နယ်သို့မရောက်ဖူးဘဲ ယခုခရီး စဉ်သည် ၎င်းအတွက် ပထမ ဆုံးကချင်ပြည်နယ်ခရီးစဉ်ဖြစ် သည်ဟု ပြောသည်။‘‘အမှတ်တရတွေကတော့ အများကြီးပါပဲ။ မြစ်ဆုံကိုလည်း သွားလည်ခဲ့တယ်။ နောက်ပြီး သူ တို့ဒေသရဲ့ အစားအသောက်တွေ၊ ဝတ်စားဆင်ယင်ပုံတွေကိုလည်း လေ့လာခွင့်ရခဲ့တယ်’’ဟု နန်းခင် ဇေယျာက ပြောသည်။

ဒေါ်အယ်လ်ခွန်းရီနှင့်အတူ မြစ်ကြီးနားမြို့ ရမ်ပူတွင်ရှိသော လီဆူးနှစ်ခြင်းသာသနာဝင်းအ တွင်း တည်ဆောက်ထားသည့် မေတ္တာစိမ့်စမ်းမိဘမဲ့ဂေဟာ၊ မိဘ မဲ့ကလေးကျောင်းသို့ သွားရောက် လှူဒါန်းဖြစ်ခဲ့သည်ဟု ၎င်းက ပြောသည်။

အနုပညာလှုပ်ရှားမှုအနေ ဖြင့် ယခုရက်အတွင်းကောင်း ပြည့်နှင့် ဗီဒီယိုတစ်ကားရိုက်ကူး ရန် အစီအစဉ်ရှိပြီး ရုပ်ရှင် ရိုက်ကူးရန်လက်ခံထားသည့် ဇာတ်ကားမှာ ရိုက်ဖြစ်ရန်မသေချာတော့ဟု နန်းခင်ဇေယျာကပြောသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top