iMyanmarHouse.com - Best Property Website for Myanmar
×













တစ်ခါက တိုင်းပြည်တစ်ခုမှာ အုန်းသီးရောင်းတဲ့သူရှိသတဲ့။ သူဟာ အုန်းသီးစိမ်းတွေကို ဓါးနဲ့ ခွဲပြီး အုန်းရည်တို့ အုန်းသားတို့ ရောင်းချတဲ့ သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ သူတို့နိုင်ငံမှာ စစ်ဖြစ်တယ်။ ဒီလိုနဲ့ သူဟာ စစ်ထဲလိုက်သွားပြီးတော့ တိုက်ရည်ခိုက်ရည်က လဲ ကောင်းတာကြောင့် အဆင့်တွေတက်ပြီးတော့ စစ်သူကြီးဖြစ်သွားတယ်။ နှစ်တွေကြာလာတော့ နန်းတော်ထဲမှာ နေရာရပြီးတော့ ဘုရင်အဖြစ် အမတ်တွေက တင်မြောက်လိုက်တယ် ဆိုပါတော့။

သူလဲ ဘုရင်ဖြစ်ကော ပထမပိုင်းတော့ တိုင်းပြည်ဟာ အလွန်သာယာဝပြောပါတယ်။ စီးပွားရေးတွေလဲ ကောင်းမွန်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဘုရင်ကြီး တိုင်းခန်းလှည့်လည်အထွက်မှာ သူ့အရပ်ထဲက အသိတစ်ယောက်က " မင်းက အုန်းသီးရောင်းတဲ့ ကောင်လေးမဟုတ်လား " လို့ပြောလိုက်တယ်။ ဒီအသံကို သူကြားတော့ မနေနိုင်ဘူး အဲဒီလူကို ဖမ်းပြီး သတ်ပြစ်လိုက်တယ်။

အဲဒီနေ့ည ဘုရင်မှာ အိပ်မပျော်ဘူး။သူအရင် အုန်းသီးရောင်းတာကို တိုင်းသူပြည်သားတွေသိသွားရင် သူအရှက်ရမယ် ဆိုပြိး အကြံထုတ်တယ်။ နောက်တစ်နေ့ကျတော့ သူ့စစ်သားတွေကို သူအရင်နေခဲ့တဲ့ ရွာကို သွားဝိုင်းစေတယ်။ တစ်ရွာလုံးက ဘုရင့်ကို ပုန်ကန်တဲ့ သူပုန်တွေဆိုပြီး တစ်ရွာလုံးကို သတ်ပြစ်လိုက်တယ်။

နောက်နေ့မှာတော့ သူအရင် အုန်းသီးရောင်းတဲ့ ဈေးကို သွားပြီး သတ်ခိုင်းပြန်တယ်။ သူ့စစ်တပ်တွေကလဲ အကုန်ဈေးသူဈေးသားတွေကို ၀င်သတ်ပြစ်ကြတယ်။ ဒီလိုနဲ့ အကြောင်းမရှိအကြောင်းရှာ သတ်တာကို ပြည်သူတွေက မနေနိုင်တော့အမတ်တွေနဲ့ ပေါင်းပြီး ဘုရင့်ကို ပုန်ကန်ကြတယ်။ နောက်ဆုံးတော့ ဘုရင်ကြီးကို ဖမ်းမိပြီး ကြိုးတုပ်ထားတယ်။ အဲဒီအချိန်မှာ အမတ်ကြီးတစ်ယောက်ကမေးတယ်။
" ဘုရင်ကြီး ဘာလို့ အပြစ်မဲ့တဲ့ သူတွေကို သတ်ပြစ်တာလဲ" ပေါ့

ဘုရင်က သူ့အကြောင်းကို အကုန်ရှင်းပြလိုက်တယ်။
" ဘုရင်ကြီး အမှန်တရားဆိုတာ အဲဒီလိုပဲ အလွန်ခါးသီးတတ်ပါတယ်။ ဘုရင်ကြီးအနေနဲ့ အမှန်တရားကို ကြောက်လို့ ဖုန်းကွယ်ဖို့ကြိုးစားရင်း ဒီလိုဖြစ်သွားတာပါ။

အမှန်တရားဆိုတာ ရှောင်လွှဲဖုန်းကွယ်လို့မရပါဘူး။ ကျွန်ုပ်တို့ လုပ်နိုင်တဲ့ တစ်ခုထဲသောအရာက အဲဒီအမှန်တရားကို လက်ခံလိုက်ဖို့ပါပဲ။ အခုတော့ သင်လုပ်ခဲ့တဲ့ အပြုအမူတွေကြောင့် သင့်ကို စီရင်ရတော့မယ် "

အဲလိုပြောပြီးနောက် ဘုရင်ကြီးကို မြို့လယ်ခေါင်မှာပဲ ကွပ်မျက်လိုက်ပါတော့တယ်။

Credit : မောင်စိုင်း

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top