iMyanmarHouse.com - Best Property Website for Myanmar
×














 အဆိုတော် ကေတီပယ်ရီက ဖေဖော်ဝါရီတွင် ပြုလုပ်မည့် Super Bowl ဗိုလ်လု ပွဲ ပထမပိုင်းပွဲပြီး အားလပ်ချိန် ဖျော်ဖြေပွဲ၌ ၎င်းနှင့်အတူ အမေရိ ကန်ရော့ခ်အဆိုတော်ကြီး လင်နီ ခရက်ဗစ်လည်းပါဝင်ဖျော်ဖြေ မည်ဟု ဇန်နဝါရီ ၁၀ ရက်က အတည်ပြုပြောကြားခဲ့သည်။
ကေတီပယ်ရီသည် ဇန်နဝါ ရီ ၁၂ ရက်တွင် ထုတ်လွှင့်ပြသ မည့် NBC ရုပ်သံအင်တာဗျူးတစ် ခု၌ အဆိုပါသတင်းကို ကြေညာ ခဲ့သည်ဟု အေပီသတင်းက ဖော်ပြခဲ့သည်။

ယင်းအင်တာဗျူးမှ ကောက် နုတ်ချက်တစ်ခုကို ဇန်နဝါရီ ၁၀ ရက် Baltimore Ravens ဘော လုံးအသင်းနှင့် New England Patriots ဘောလုံးအသင်းတို့ရှုံးထွက်ပွဲယှဉ်ပြိုင်နေစဉ် ပြသခဲ့သည်။ ကေတီပယ်ရီကလည်း ယင်းဘောလုံးပွဲ   မတိုင်မီတွင် လင်နီခရက်ဗစ်ပူးပေါင်းဖျော် ဖြေမည့်သတင်းကို ၎င်း၏ တွစ် တာစာမျက်နှာ၌ ကြေညာခဲ့ သည်။

ပယ်ရီနှင့်    ခရက်ဗစ်တို့ Super Bowl ၌ အတူတကွဖျော် ဖြေကြမည်ဖြစ်သော်လည်း ၎င်း တို့သီဆိုဖျော်ဖြေမည့်သီချင်းကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိ ပေ။ အမေရိကန်အမျိုးသားဘော လုံးအဖွဲ့ချုပ်၏ နှစ်စဉ်ပြုလုပ် သော Super Bowl ဗိုလ်လုပွဲ သည် အမေရိကန်နိုင်ငံ၌ ကြည့် ရှုသူအများဆုံးအားကစားပွဲတစ်ခု ဖြစ်သည်။

၂၀၁၄ Super Bowl ပွဲကို Fox ရုပ်သံလိုင်းမှတစ်ဆင့် ကြည့် ရှုသူ ၁၁၂ ဒသမ ၂ သန်းခန့်ရှိခဲ့ ပြီး ယင်း Super Bowl အားလပ် ချိန်ဖျော်ဖြေပွဲကို ကြည့်ရှုသူပရိ သတ်ပေါင်း ၁၁၅ ဒသမ ၃ သန်း ရှိခဲ့သည်ဟု Nielsen ကုမ္ပဏီက ဖော်ပြခဲ့သည်။(၄၉)ကြိမ်မြောက် Super Bowl ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁ ရက်တွင် အရီဇိုးနားပြည်နယ် ဂရန်းဒဲလ်မြို့၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top