iMyanmarHouse.com - Best Property Website for Myanmar
×

 












မော်ဒယ် သရုပ်ဆောင် တစ်ဦး ဖြစ်သည့် ပတ်ထရစ်ရှာက သူမ၏ ပထမဆုံး ပွဲဦးထွက် ရုံတင်ကားကြီး အတွက် ပြင်ဆင် နေပြီး စိတ်လှုပ်ရှားမှု  ဖြစ်စေကြောင်း ပြောသည်။  ဒီကားက ညီမရဲ့ ပထမဆုံး ပွဲဦးထွက် ရုံတင်ကားကြီးပါ။ Vedioအနေနဲ့တော့ ညီမ သုံးကားလောက် ရိုက်ထားပြီးပါပြီ။ ဒီကားက ရုံတင်ကားကြီး ဆိုတော့ အရမ်း အရေးကြီး ပါတယ်။

 နောက်ပြီး ပါဝင်မယ့် သရုပ်ဆောင်တွေ  ကလည်း တကယ် ထူးချွန်တဲ့ အနုပညာရှင်တွေ ဆိုတော့ ညီမ အများကြီးကို ပြင်ဆင်ထားရ ပါတယ်။ နောက် ဒီကားက ဖန်စီကား မဟုတ်တော့ သရုပ်ဆောင်ကို ပိုပြီး ပီပြင်အောင် လုပ်ရမှာ ဖြစ်တဲ့ အတွက် ညီမ ကြိုးစားရ မှာပါ။ ဒီကားမှာ ပါဝင်မယ့် သရုပ်ဆောင်တွေက ကိုပြေတီရယ်၊ ကိုမြင့်မြတ်ရယ် နောက်မလိုင်လာခမ်းပါ၊ ဒါရိုတ်တာ ကတော့ မောင်မျိုးမင်းပါ။ ဒီကားအတွက် အရမ်းကို ပြင်ဆင်နေ ပါတယ်။

ထွက်လာရင်လည်း အားပေးကြ ပါဦး၊ ညီမဘက် ကလည်း စိတ်လှုပ်ရှားနေ ပါတယ်။ လိုအပ်တာတွေလည်း ရှိနေမှာပါ ဟု ပတ်ထရစ်ရှာက ပြောသည်။ ပတ်ထရစ်ရှာမှာ မော်ဒယ်ဘက်မှ သရုပ်ဆောင်ဘက်သို့ ကူးပြောင်းလာသူ ဖြစ်ပြီး၊ ယခု လက်ရှိ Vedio ဇာတ်ကား သုံးကားအား ရိုက်ကူးပြီးကြောင်း ပြောသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top