iMyanmarHouse.com - Best Property Website for Myanmar
×










 မိမိဆံပင်တွေကျွတ်နေတာကို သတိထားမိလာလို့ ထိတ်လန့်မသွားလိုက်ပါနဲ့။ အဲဒီလိုဖြစ်ရတဲ့အကြောင်းရင်းများက ရိုးရိုးလေးတွေပါပဲ။ သိပ်အရေးမကြီးလှပါဘူး။ ဗီတာမင်ဓာတ် ချို့တဲ့မှုကြောင့်ဖြစ်သလို၊ မျိုးရိုးလိုက်တာတွေကြောင့်ပါ။

(၁) အမျိုးသားများထိပ်ပြောင်ခြင်း
အသက် (၆၀) လောက်ရောက်လာတဲ့အချိန်မှာ အမျိုးသားအများစုမှာ ဆံပင်ကျွတ်ရောဂါရှိကြတယ်။ အဲဒါက မျိုးရိုးဗီဇကြောင့် ဖြစ်ပါတယ်။

(၂) သွေးအားနည်းရောဂါ
သွေးထဲ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါ ဖြစ်ပွားလာတာပါ။ လူများစုက ဒီဝေဒနာကို ခံစားနေကြတယ်။ ကံကောင်းထောက်မစွာနဲ့ ဒီပြဿနာဖြေရှင်းရန်အတွက် သံဓာတ်ကို အစားအသောက်ကနေ တဆင့် သို့မဟုတ် ဖြည့်စွမ်းစာ အဖြစ် စားသုံးပေးရုံလေးပဲဖြစ်ပါတယ်။

(၃) ဗီတာမင်-အေ များလွန်းခြင်း
ခန္ဓာကိုယ်အတွင်း ဗီတာမင်-အေ စုပုံလာခြင်းကြောင့် ဆံပင်ခေတ္တခဏ ကျွတ်တာတွေဖြစ်တတ်ပါတယ်။ အဲဒီ ဗီတာမင်ရရှိမှု ပြတ်တောက်လိုက်တာနဲ့ တပြိုင်နက် သင့်ခန္ဓာကိုယ်ကနေ သာမန်ဗီတာမင် ဟန်ချက် ညီမျှသွားတဲ့ အတွက်ကြောင့် ပုံမှန်ဆံပင်ကြီးထွားမှုနှုန်း ပြန်လည်ရရှိလာပါလိမ့်မယ်။

(၄) အလေးချိန် ရုတ်တရက်ပြောင်းလဲခြင်း
ကိုယ်အလေးချိန် ရုတ်တရက်ပြောင်းလဲမှုကြောင့် ဆံပင်ကျွတ်တတ်ပါတယ်။ ဒီ့အတွက် သင် ကိုယ့်ကိုကိုယ် ကျေနပ်မိနေလိမ့်မယ်။ သို့ပေမယ့် ခန္ဓာကိုယ်အင်္ဂါအပေါ် သက်ရောက်ခဲ့တဲ့ ဖိစီးမှုကြောင့် သင့်ဆံပင် စတင်၍ ကျွတ်ကောင်းကျွတ်လာနိုင်တယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top