iMyanmarHouse.com - Best Property Website for Myanmar
×














အနုပညာပျိုးခင်းက ရွေးချယ်ခံရပြီးနောက် သရုပ် ဆောင်အသစ်တစ်ယောက်အနေ နှင့် ဇာတ်ကားများစတင်ရိုက်ကူး နေသော ရတနာဗိုက သရုပ် ဆောင်အနုပညာသည်ထင်ထား သည်ထက် ပိုမိုနက်ရှိုင်းသည်ကို သိရှိခဲ့ရကြောင်း ပြောသည်။

‘‘ကိုယ်ထင်ထားတာထက် အနုပညာက အရမ်းနက်ရှိုင်း တယ်။ ကျယ်ပြန့်တယ်ဆိုတာကို ခုမှတဖြည်းဖြည်းသိလာတယ်။ မျက်လုံးအကြည့်တွေက အစ အများကြီးကွာသွားတယ်။ အတူ သရုပ်ဆောင်တဲ့သူတွေအကုန် လုံးကလည်း  သင်ပေးပါတယ်’’ ဟု ၎င်း၏ ရိုက်ကွင်းအတွေ့အ ကြုံများကို ပြောပြသည်။

အနုပညာပျိုးခင်းက ရွေး ချယ်ပြီးသည့်အချိန်မှ ဇာတ်ကား များစတင်ရိုက်ကူးခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ဇာတ်ကား နှစ်ကားရိုက်ကူးပြီးသော်လည်း ကိုယ့်ကိုယ်ကိုယ်အားမရသေး ကြောင်း ၎င်းကဆိုသည်။
‘‘ပထမကားကို အန်ကယ် လေးနဲ့ တွဲပြီးရိုက်ထားပါတယ်။ ဒုတိယကားလည်း အန်ကယ် လေးနဲ့ပါပဲ။ ဒီကားမှာတော့ ပျိုး ခင်းက ညီအစ်မတွေ သုံးယောက် စလုံးအတူ သရုပ်ဆောင်ထားပါ တယ်။ နှစ်ကားစလုံးကတော့ ဟာသကားလေးတွေပေါ့’’ဟု ရတနာဗိုကပြောသည်။

အနုပညာပျိုးခင်းက စင်တင်ပေးသူများတွင် သရုပ်ဆောင်နှင့် ပတ်သက်၍ အသစ်တစ်ယောက် ကဲ့သို့ ဖြစ်နေသောကြောင့် အတူတွဲဖက်သရုပ်ဆောင်သူများက လက်တွဲ၍ သင်ပေးကြသောကြောင့် ရိုက်ကူးရသည်မှာ ပျော်စရာကောင်းကြောင်း  ၎င်းကဆို သည်။

‘‘အန်ကယ်လေးက သမီးတို့ ကတ်တွေရောက်ပြီဆိုတာနဲ့ သမီးတို့သရုပ်ဆောင်ရမယ့်ပုံစံအတိုင်း သင်ပေးတဲ့အနေနဲ့ သရုပ်ဆောင် ပြတယ်။ မျက်လုံးဘယ်လို့ကြည့် ရမယ်။ မျက်နှာဘယ်လိုထားရ မယ်။ စကားပြောရင် မိန်းကလေး အသံအတက်အကျဘယ်လိုပြော ရမယ်ဆိုတာ သုံးယောက်စလုံး ကို သင်ပေးပါတယ်’’ဟု ၎င်းက ပြောသည်။

အားလုံးထဲတွင် အသစ် တစ်ယောက်ဖြစ်သောကြောင့် အခြားမင်းသား၊ မင်းသမီးများအနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်မိကြောင်း ၎င်းကဆိုသည်။
အနုပညာပျိုးခင်းညီအစ်မ သုံးဦးစလုံးပါဝင်သရုပ်ဆောင် ထားသည့် အိုင်အမ်ဘခက်ဇာတ် ကားဆက်လက်ရိုက်ကူးနေပြီး ယင်းဇာတ်ကားရိုက်ကူးပြီးပါက သီရိလင်္ကာနိုင်ငံ၊   ကိုလံဘိုမြို့တွင် ခေါက်ဆွဲကြော်ငြာတစ်ခုရိုက်ကူး ရန် လက်ခံထားကြောင်း ရတနာဗိုကပြောသည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top