iMyanmarHouse.com - Best Property Website for Myanmar
×










ယခုနှစ် အတွင်း ထူးခြားသည့် ဇာတ်ကောင် စရိုက်များဖြင့် ရိုက်ကူးမည့် အကယ်ဒမီ နေတိုးက အန္တရာယ်များသော ဇာတ်ကောင် စရိုက်များ လာအပ်ကြ သော်လည်း ပရိသတ် အတွက် ထူးခြားမည် ဆိုပါက ရိုက်ကူးမည် ဖြစ်ကြောင်း ပြောသည်။  ကျွန်တော်ရိုက်တဲ့ ဇာတ်ကားတွေက ပရိုဂျူဆာတွေ ရွေးတာ များတယ်။ တချို့ ပရိုဂျူဆာတွေက ရိုးရာ ယဉ်ကျေးမှု ရိုက်တာ ရှားတော့ ရိုက်ချင် ကြတယ်။ အဲလို ရိုက်ချင် ကြတော့ ကျွန်တော့်ဆီရောက် လာတာများတယ်။ ကျွန်တော်တို့ ကလည်း သရုပ်ဆောင်တာ တစ်ခုတည်း မဟုတ်ဘဲ အပြင်က လူတစ်ယောက်ရဲ့ ပုံစံမျိုး ဖြစ်အောင် လုပ်ရတာ ပေါ့နော်။  ဒါတွေက  ကျွန်တော်တို့ အတွက် တာဝန်လည်း ကြီးတယ်။ သမိုင်းရေးတဲ့ အခါမှာလည်း ကိုယ့်အတွက် လုပ်နိုင်မယ့် အနုပညာနဲ့ လုပ်နိုင်တဲ့ အချိန်မှာပေါ့နော်။ ကိုယ့်ဆီ ရောက်လာတဲ့ အရာတွေကို ပရိသတ်တွေ မရိုးအောင် ကြိုးစား ရတာပေါ့။ ရှင်းရှင်း ပြော ရရင် ပရိုဂျူဆာ တွေက ဇာတ်လမ်းရိုက်ရင် ဇာတ်လမ်းနဲ့ လိုက်မယ့် မင်းသားကို  ရွေးတယ်။ အဲဒီလို ပရိုဂျူဆာတွေကနေ ကျွန်တော့်ဆီ ရောက်လာတဲ့ ကာရိုက်တာ တွေ ဆိုရင် အရမ်းကို အန္တရာယ် များတာတွေလည်း ပါတယ်။

အဲဒါ ကျွန်တော်က ဘာကို ပြန်ကြည့်လဲ ဆိုတော့ ဒီဇာတ်လမ်း က ပရိသတ် အတွက် ထူးဆန်းမလား၊ ထူးဆန်းရင် ကျွန်တော့် ပရိသတ်တွေ အတွက် ကြိုးစားပြီး သရုပ်ဆောင်တာ များပါတယ်။ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ အနုပညာ သက်တမ်း တစ်လျှောက်မှာ  ဒီလိုမျိုးလေးတွေနဲ့ပဲ ဖြတ်သန်းခဲ့ ပါတယ်။ ဒီနှစ်ထဲမှာလည်း ပရိသတ်အတွက်  နောက်ထပ် ထူးဆန်းစေမယ့် အရာလေး တွေကို လုပ်ပြဖို့ ရှိပါတယ်  ဟု နေတိုးက ပြောသည်။ နေတိုးသည် ယခုနှစ် အတွင်းတွင် ရိုက်ကူးရန်  ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားကို လက်ခံ ထားကြောင်း၊ ၀ိညာဉ် ဇာတ်လမ်းထဲတွင် ကာရိုက်တာ သုံးမျိုးဖြင့်  သရုပ်ဆောင်ရမည့် ဇာတ်ကား နှစ်ကား ရှိကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top