iMyanmarHouse.com - Best Property Website for Myanmar
×










Moisturizer လိမ်းတာများ မျက်နှာပေါ်တင်ပြီး ပွတ်ပေးလိုက် ပြီးတာပဲ မဟုတ်လားလို့ တွေးကြပါလိမ့်မယ်။ အမှန်က Moisturizer လိမ်းတဲ့အခါ သိထားသင့်တဲ့အရာ၊ နည်းနည်းအားစိုက်ပေးသင့်တဲ့အရာတွေ ရှိနေပါတယ်။ ဒီအချက်တွေ သိထားမယ်ဆိုရင် သင့်အသားအရေအတွက် ပိုအထောက်အကူ ဖြစ်မှာမို့ပါ။

၁။Moisturizer ကို မျှတစွာ လိမ်းပါ။
မျက်နှာပေါ် Moisturizer တင်ပြီး စလိမ်းပြီဆိုကတည်းက တစ်နေရာတည်းမှာ များမနေအောင်၊ နားသပ်စပ်တွေမှာ ပုံမနေအောင် သေချာဂရုစိုက်လိမ်းမှာသာ ချွေးပေါက်ပိတ်ပြီး ၀က်ခြံထွက်တာမျိုးတွေ မဖြစ်မှာပါ။ နားထင်နားတစ်ဝိုက်မှာ ၀က်ခြံလေးတွေ ထွက်တာဟာ ဆံပင်ထိန်းသိမ်းတဲ့ အလှကုန်တွေကြောင့် ဖြတ်တတ်ပြီး Moisturizer လိမ်းပုံလိမ်းနည်း မမှန်တာကြောင့်လည်း ဖြစ်တတ်ပါတယ်တဲ့။

၂။SPF ပါတဲ့ Moisturizer ကို ဘယ်လိုသုံးရမယ်ဆိုတာ သိထားရပါမယ်။
တစ်ခါတစ်လေ SPF ပါတဲ့ Moisturizer ကို လိမ်းတဲ့အခါ မျက်နှာကိုသာ ဦးစားပေးလိမ်းတတ်ကြပါတယ်။ မျက်နှာနဲ့တစ်ဆက်တည်း လည်ပင်းကို လိမ်းပေးသွားရမယ်ဆိုတာ မသိကြပါဘူး။ ဒီတော့ မျက်နှာကိုသာ နေရောင်ခြည်ကနေ ကာကွယ်ပေးနိုင်ပေမယ့် လည်ပင်းကြီးက မည်းနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

၃။ရေချိုးပြီးပြီးချင်း Moisturizer ကို လိမ်းပေးရပါမယ်။
ရေချိုးပြီးပြီးချင်း Moisturizer ကို တန်းမလိမ်းဘဲ အခြားလုပ်စရာရှိတာတွေ လုပ်နေတတ်ကြပါတယ်။ ဒီလို မဖြစ်သင့်ပါဘူး။ ရေချိုးပြီး တစ်မိနစ်ကြာမှ လိမ်းမယ်ဆို အဲ့ဒီတစ်မိနစ်မှာတောင် အသားအရေအတွက် ရေဓာတ်ခမ်းတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒီတော့ ဖြစ်နိုင်ရင် ရေချိုးခန်းထဲက ထွက်လာပြီး ရေသုတ်ပြီးပြီးချင်းမှာ Moisturizer ကို တန်းလိမ်းဖို့ လိုအပ်ပါတယ်။

၎။ကိုယ့်အသားအရေနဲ့ လိုက်ဖက်တဲ့ Moisturizer အမျိုးအစားကို ရွေးချယ်ပါ။
Moisturizer ၀ယ်တော့မယ်ဆိုရင် ကိုယ့်အသားအရေက ဘယ်လိုအမျိုးအစားလဲဆိုတာ သိထားပြီး ရွေးချယ် ၀ယ်ယူသင့်ပါတယ်။ အဆီများတဲ့ Moisturizer တွေလည်း ရှိနေတတ်တာမို့ ကိုယ့်အသားအရေက အဆီပြန်တတ်တဲ့ အသားအရေမျိုးဆိုရင် ဒါကိုလိမ်းခြယ်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် မ၀ယ်ခင်အရင်ဆုံး ကိုယ့်အသားအရေက ဘယ်လိုမျိုးလဲဆိုတာ သိထားရပါမယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top