iMyanmarHouse.com - Best Property Website for Myanmar
×

Miss Myanmar နန်းခင်ဇေယျာက လက်ရှိမှာ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်နေရင်း တစ်ဖက်ကလဲ ဂီတလောကထဲ စတင်ခြေလှမ်းနေပြီမို့သူမရဲ့ ဂီတနဲ့ပတ်သတ်ပြီး ကြိုးစား ပုံဖော်မှုတွေကို ခုလိုမေးမြန်းကြည့်မိတဲ့ခါ “မြ၀တီနှစ်ပတ်လည်အတွက် သီချင်းဆိုစရာရှိတယ်။ ပြီးရင် သင်္ကြန်အတွက်ကို သီချင်းတစ်ပုဒ် လုပ်ထားတယ်။ အဖွဲ့ခွေမှာပေါ့။ တေးရေးက ကိုမင်းကိုပါ။ ကိုယ်ပိုင်သီချင်းလေးပေါ့။ နောက်ပြီးတော့ နောက်လထဲမှာ ကိုရီးယားသွားဖို့ရှိတယ်။ အဲ့ဒါက 7ladies show ပါ။ အဲ့ဒီအတွက် စိတ်လဲ လှုပ်ရှားနေပါတယ်။ အကောင်းဆုံးလဲ ပြင်ဆင်ထားပါတယ်။ နန်းခင်တွက် ပထမဆုံး နိုင်ငံခြားရှိုးပေါ့။ ပထမဆုံးဆိုတော့ သေချာလဲပြင်ဆင်ထားတယ်။ အဲ့ဒီမှာ ကိုယ်ပိုင်သီချင်းလဲ ဆိုမယ်။ တခြားမြူးတဲ့ သီချင်းတွေကိုလဲ ရွေးဆိုသွားပါမယ်။ ညီမအပြင် အေးမြတ်သူ၊ ပုလဲဝင်း၊ သင်ဇာဝင့်ကျော်၊ ထွန်းရတီ၊ အိမ့်ချစ်၊ ပိုပိုလဲ ပါပါမယ်။ ကိုယ်ပိုင်သီချင်းက သင်္ကြန်သီချင်းကိုလဲ အဲ့ဒီမှာ ထည့်ဆိုမယ်။ နောက်ပြီး ကိုဆောင်းဦးလှိုင် ရေးပေးထားတဲ့ လမ်းဟောင်းဆိုတဲ့ သီချင်းလေးကိုလဲ အဲ့ဒီပွဲမှာ ထည့်ဆိုပါမယ်။ နန်းခင်က သင်္ကြန်ဆို ဆိုဖြစ်တယ်။ နောက်နယ်ဖက်မှာလဲ သီချင်း သွားဆိုဖူးတယ်။ ရေး၊ မုဒုံ၊ မော်လမြိုင်ဖက်တွေမှာ သီချင်းတွေ သွားဆိုဖူးပါတယ်။  စိတ်လှုပ်ရှားမှုကတော့ နိုင်ငံခြားရှိုးဆိုတော့ နဲနဲတော့ ကြောက်တယ်။ ဗိုလ်ချုပ် နှစ်ပတ်လည်နေ့တုန်းကလဲ ဖျော်ဖြေတယ်။ ပရိသတ်တွေ အားပေးကြတယ်။ ခုကတော့ နိုင်ငံခြားဆိုတော့ ဘယ်လိုလာမလဲ မသိသေးပါဘူး။”လို့ သူမက ပြောပါတယ်။

ခုလက်ရှိ ၀ုန်းဒိုင်းကြဲ ဆိုတဲ့ဇာတ်ကားကို နေမင်းနဲ့အတူ သရုပ်ဆောင်နေပြီး အဲ့ဒီကိုမသွားခင် နိုင်ငံခြားခရီးက ပြန်လာရင်တော့ အောင်ရဲလင်းနဲ့တစ်ကားရိုက်ဖို့ရှိပါတယ်တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top