iMyanmarHouse.com - Best Property Website for Myanmar
×









ကွန်ပျူတာဂိမ်းတွေ မနားမနေဆော့၊ ဒါတွေနဲ့ပဲ အချိန်တော်တော်များများ ကုန်ဆုံးတတ်တဲ့ အမျိုးသမီးတွေဟာ အနုတ်လက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုသာ ရှိလိမ့်မယ်လို့ ပထမမှာတော့ တွေးမိကောင်း တွေးမိပါလိမ့်မယ်။ အမှန်မှာတော့ ဖေ့စ်ဘွတ်ခ်၊ ဆဲလ်ဖုန်းတွေနဲ့ ကွန်ပျူတာတွေကနေ ဂိမ်းဆော့တဲ့ အမျိုးသမီးတွေဟာ အလွန်ရိုးတိုး ရွတဖြစ်စရာ လူမှုဘဝကို ပိုင်ဆိုင်ထားသူတွေဖြစ်တတ်ပါတယ်။

ဂိမ်းမကစားတဲ့ အမျိုးသမီးတွေထက် ပိုလို့တောင် လိင်ကိစ္စဘက်မှာ မကြာခဏ စိတ်ပါကြောင်း စစ်တမ်းကောက်ယူမှုတစ်ခုအရ သိရပါတယ်။ ဒီဂိမ်းဂျပိုးမလေးတွေဟာ အသွေးအသား ဆန္ဒတွေမှာ ပိုသောင်းကျန်းတတ်ရုံသာမက ချစ်ရေးချစ်ရာတွေမှာလည်း ပျော်ပျော်ရွှင်ရွှင် ပိုနေတတ်ကြပါတယ်တဲ့။

အွန်လုင်းဂိမ်းဆော့တဲ့ အမျိုးသမီး ၆၄%ဟာ အိမ်ကျပြီးသူတွေ သို့မဟုတ် ချစ်သူရည်းစားနဲ့အတူ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ အွန်လိုင်းဂိမ်းကစားခြင်းဖြင့် ပျင်းရိခြင်း၊ ကိုယ်လက် မလှုပ်ရှားဖြစ်ခြင်းတွေ ဖြစ်စေတယ်လို့ ကြွေးကျော်နေသူ တချို့အတွက် မှတ်သားသင့်တာက ကိုယ်လက်လှုပ်ရှားမှုအပိုင်းမှာ ဂိမ်းကစားတဲ့ အမျိုးသမီးများနဲ့ မကစားတဲ့ အမျိုးသမီးတွေကြား သိသိသာသာကွဲခြားမှု မရှိဘူးဆိုတာပါပဲ။

Credit :Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top