iMyanmarHouse.com - Best Property Website for Myanmar
×










ဗြိတိန်သရုပ်ဆောင်မင်းသား ဒက်ဒီရက်ဒ်မိန်းသည် The Theory of Everything ရုပ်ရှင်ဇာတ်ကားတွင် ရူပဗေဒပညာရှင်ကြီး စတီဗင်ဟော့ကင်းအဖြစ် သရုပ်ဆောင်မှု အတွက် ၂၀၁၅ အော်စကာဆုပေးပွဲ၌ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုဆွတ်ခူးရရှိခဲ့သည်။

ဒက်ဒီရက်ဒ်မိန်းသည် ကမ္ဘာကျော်ရူပဗေဒပညာရှင်ကြီး စတီဗင်ဟော့ကင်း၏ ငယ်ဘဝဇာတ်ကြောင်းကို ပုံဖော်ထားသော The Theory o f Everything ဇာတ်ကားဖြင့် အော်စကာဆုအပြင်    ရွှေကမ္ဘာလုံးဆု၊ ဗြိတိန်အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု၊ အမေရိကန်ရုပ်ရှင်သရုပ်ဆောင် များ အစည်းအရုံးဆု၊ ဟောလိဝုဒ်ရုပ်ရှင်ထူးချွန်ဆုများ ပါ    ဆွတ်ခူးထားသူဖြစ် သည်။

အသက်(၃၃)နှစ်အရွယ်ရှိ ဗြိတိန်သရုပ်ဆောင်မင်းသား ဒက်ဒီရက်ဒ်မိန်းသည် အော်စကာဆုပေးပွဲက ချီးမြှင့်သည့် အကောင်းဆုံးအမျိုးသားဇာတ် ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့ပြီးနောက် The Theory of Every-thing ဇာတ်ကားမှ လုပ်ဖော်ကိုင်ဖက်များ၊ ၎င်း၏ဇနီး၊ စတီဗင်ဟော့ကင်းနှင့် ဟော့ကင်းမိသားစုတို့ကို အထူးကျေးဇူးတင်ကြောင်း ပြောကြားသည်။

(၈၇)ကြိမ်မြောက် အော်စကာဆုပေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်တွင် အမေရိကန်နိုင်ငံ လော့စ်အန်ဂျလိစ်မြို့ရှိ Dolby ကဇာတ်ရုံ၌ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းအော်စကာဆုပေးပွဲမှ ချီးမြှင့်သော အကောင်းဆုံးရုပ်ရှင်ဇာတ် ကားဆုကို Birdman ရုပ်ရှင်ဇာတ်ကားကရရှိပြီး အကောင်းဆုံးဒါရိုက်တာဆုကို Bird-man ရုပ်ရှင်ဇာတ်ကားဖြင့် မက္ကဆီကန်ဒါရိုက်တာ အလက်ဇန်းဒရိုဂွန် ဇယ်လက်အင်အာရီတူးက ဆွတ်ခူးရရှိခဲ့သည်။

(၈၇)ကြိမ်မြောက် အော် စကာဆုပေးပွဲတွင် ဂျူလီယန်မော က Still Alice ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု၊ ပက်ထရစ်ရှာအာကက်က Boyhood ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုနှင့် ဂျေကေ ဆင်မွန်က Whiplash ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုတို့ကိုရရှိခဲ့သည်။

အသက်(၅၄)နှစ်အရွယ်အမေရိကန်သရုပ်ဆောင်မင်း သမီး ဂျူလီယန်မောသည်ဒက်ဒီရက်ဒ်မိန်းကဲ့သို့ပင် Still Alice ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော် ရုပ်ရှင်ထူးချွန်ဆုများကို ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။
ယခုနှစ် အော်စကာဆုပေးပွဲတွင် အကောင်းဆုံးရုပ်ရှင်ဇာတ်ဝင်တေးဆုကို Selma ရုပ်ရှင်ဇာတ်ကားမှ Glory သီချင်းက ဆွတ်ခူးရရှိခဲ့သည်။ Glory သီချင်းကို အမေရိကန်တေးရေး၊တေးဆို ဂျွန်လက်ဂျန့်နှင့် ရက်ပ်ပါ Common တို့က ပူးပေါင်းတင်ဆက်ခဲ့ကြသည်။

အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြော ရုပ်ရှင်ဇာတ် ကားဆုကို ပိုလန်ရုပ်ရှင်ဇာတ်ကား Ida က ဆွတ်ခူးရရှိခဲ့သည်။၂၀၁၅ အော်စကာဆုပေးပွဲ ဆန်ခါတင်စာရင်း၌ Birdman ဇာတ်ကားနှင့် The Grand Budapest Hotel ဇာတ်ကားတို့က ဆုကိုးဆုစီဖြင့် ဆုအများဆုံးအမည်တင်သွင်းခြင်းခံခဲ့ရသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top