iMyanmarHouse.com - Best Property Website for Myanmar
×













အချို့သော ငယ်ရွယ်သည့် အမျိုးသမီးများအတွက် သွယ်သွယ်လျလျ နှင့် လှပရန်မှာ ၎င်းတို့ဘဝတွင် အခြားအရာများထက် ပိုအရေးကြီး သောဆန္ဒများဖြစ်သည်။ သို့သော် ကျန်းမာရေးနှင့်မညီသော ကိုယ်အလေးချိန်လျှော့ချခြင်းမှာ အန္တရာယ်များနိုင်သည်။

အစားအသောက်မူမှန်သည့်ဒဏ် ခံနေရသူများ၏ ၈၀ ရာခိုင်နှုန်းသည် ကိုယ်အလေးချိန်လျှော့ချရန် ဝမ်းနုတ်ဆေးကို တလွဲ အသုံးချတတ်ကြကြောင်း လေ့လာမှုများအရ သိရသည်။ ပိန်ပိန်ပါးပါးပုံစံဖြစ်လာစေရန် ခန္ဓာကိုယ်မှ မလိုချင်သော ကယ်လိုရီများကို ရှင်းလင်းပစ်လိုချိန်တွင် ဝမ်းနုတ်ဆေးကိုစတင်၍ တလွဲအသုံးချ တတ်သည်။

ဝမ်းနုတ်ဆေးတလွဲသုံးစွဲခြင်းကြောင့် ခန္ဓာကိုယ်ထဲရှိ လျှပ်စစ်ဓာတ်ဖြတ်သန်းနိုင်သော အရည်များနှင့် သတ္တုဓာတ်များ ဟန်ချက်မညီဖြစ်တတ်သည်။ အူမကြီးနှင့် နှလုံးကြွက်သားများအပါအဝင် အာရုံကြောများနှင့် ကြွက်သားများပုံမှန်အလုပ်လုပ်ရန် ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဖော့စဖရပ်စ်ဓာတ်တို့ လိုအပ်သည့် ခန္ဓာကိုယ်ထဲရှိ ယင်းအရေးကြီးသော သတ္တုဓာတ်များဟန်ချက်မညီပါက အရေးကြီးသည့် အင်္ဂါများ လုပ်ဆောင်ချက်ကို မူမမှန်ဖြစ်စေသည်။

ကိုယ်အလေးချိန်လျှော့ချရန် ဆန္ဒပြင်းပြနေသူများသည် ပိန်ဆေးများကိုမှော်ဆန်သော ဖြေရှင်းချက်တစ်ခုအဖြစ် အသုံးပြုလေ့ရှိကြသည်။ ယင်းကဲ့သို့ ပိန်ဆေးများသုံးစွဲခြင်းကြောင့် အန္တရာယ်များသော်လည်း လက်ထပ်ပွဲကဲ့သို့ အချိန်အတိုင်းအတာတစ်ခုအတွင်း လျင်မြန်စွာ ကိုယ်အလေးချိန်လျှော့ချလိုသူများကြား အထူးသဖြင့် ပိန်ဆေးဝယ်လိုအား ဆက်လက်မြင့်တက်လာသည်။ ပိန်ဆေးများ အများအပြားသောက်ခြင်းကြောင့် မူးမော်အော့အန်ခြင်း၊ ဝမ်းလျှော ခြင်းနှင့် အစာအိမ်ကြွက်သားများ နာကျင်ခြင်းတို့ဖြစ်တတ်သည်။

အတင်းအဓမ္မ အန်ပစ်ခြင်းမှာလည်း အစာချေဖျက်မှုစနစ်ကို ထိခိုက်ပျက်စီးစေနိုင်ပြီး ဆေးရုံတွင် ကုသမှုခံယူရနိုင်သည်။ အစာများကို အန်ထုတ်ရန်ကြိုးစားခြင်းကြောင့် ဖြစ်ပေါ်လာသော ဖိအားကြောင့် အစာအိမ်သွေးထွက်ခြင်းဖြစ်နိုင်သည်။

ကြည့်ကောင်းသော ရုပ်ရည်ရှိသည်ဆိုခြင်းမှာ ဖော်ရွေသော ရုပ်ရည်ရှိခြင်း၊ ပြုံးပြုံးရွှင်ရွှင်နေတတ်ခြင်းနှင့် ဆက်ဆံရေးကောင်းခြင်းတို့ပေါင်းစပ်ထားမှုကို ဆိုလိုကြောင်း နားလည်ထားရန် အရေးကြီးသည်။ ကိုယ်အလေးချိန်ပေါ်တွင်သာ အလွန်အမင်းအာရုံစိုက်ခြင်းမှာ မှားယွင်းသည်။ ကျန်းမာရေးနှင့်ညီသော အာဟာရပြည့်စုံ သည့် အစားအသောက်များစားကာ ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်း ခြင်းမှာ ခန္ဓာကိုယ်ကျန်းမာတောင့်တင်းစေရန်အဓိကအထောက်အကူပြုသည်။ လေ့ကျင့်ခန်းလုပ်ခြင်း၊
 ယောဂကျင့်ခြင်း၊ နေ့စဉ် လမ်းလျှောက်ခြင်းတို့ပြုလုပ်၍ ကိုယ်အလေးချိန်လျှော့ချနိုင်သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top