iMyanmarHouse.com - Best Property Website for Myanmar
×










အမေရိကန်နိုင်ငံတွင် မင်္ဂလာလက်မှတ်ရေးထိုးခဲ့သော ဆုပန်ထွာနှင့် ဥက္ကာကျော်တို့၏ မင်္ဂလာဧည့်ခံပွဲကို ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့တွင် Santa Monica ကမ်းခြေ၌ ပြုလုပ်ခဲ့သည်။၎င်းတို့နှစ်ဦးသည် ဇန်န၀ါရီ ၃၀ ရက်တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အန်ဂျလိစ်မြို့ရှိ တရားရုံးတစ်ခု၌ မင်္ဂလာလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

‘‘အစ်မတို့ မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၂၅ ရက်လောက်ပြန်လာမှာပါ။ ဟန်းနီးမွန်းကတော့ နောက်ရက်ထဲမှာ ဟာဝိုင်အီကို သွားမယ်’’ဟု ဆုပန်ထွာက ပြောသည်။

မြန်မာနိုင်ငံတွင်လည်း မင်္ဂ လာဧည့်ခံပွဲပြုလုပ်ရန် အစီအစဉ် ရှိပြီး မတ်လအတွင်း ပြုလုပ်မည် ဟု ၎င်းက ပြောသည်။

ဥက္ကာကျော်နှင့် ဆုပန်ထွာတို့သည် ပြီးခဲ့သည့်နှစ် ဧပြီ ၉ ရက် တွင် စေ့စပ်ခဲ့ပြီး  ဥက္ကာကျော်၏ ဇနီးဟောင်းဖြစ်သူက ခင်ပွန်းဖြစ် သူ၏ စေ့စပ်ပွဲကို ကန့်ကွက်ခဲ့ ကြောင်း သတင်းစာမှတစ်ဆင့် ကြေညာခဲ့သောကြောင့် ပရိသတ်များအထူးစိတ်ဝင်စားခဲ့သည်။

ဥက္ကာကျော်က    ၎င်းတို့ တရားဝင်လင်မယားခန်းကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ကြေညာသကဲ့သို့ ဆုပန်ထွာကလည်း ဥက္ကာကျော်သည် လူလွတ်တစ်ယောက်ဖြစ်ကြောင်း လက်ခံနိုင်သည့် အချက်အလက် များရှိသောကြောင့် လက်ခံခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

‘‘အစ်ကိုတို့ America မှာ လာပြီး လက်ထပ်တယ်။ မင်္ဂလာပွဲ လုပ်တယ်ဆိုတာကလည်း အစ်ကို့ရဲ့ ဂုဏ်သိက္ခာ၊ မပန်ရဲ့ ဂုဏ်သိက္ခာ တွေအတွက် အများကြီးပါပါတယ်။၂၀၁၄ ဖေဖော်ဝါရီ ၁၉ က အစ်ကိုအရင်မိန်းမနဲ့ ကွာရှင်းပြတ်စဲပြီး တရားသူကြီးက တရားဝင် Divorce ရတဲ့နေ့ပါ။ မသိသေးတဲ့ လူတွေ လူတွေအားလုံး ရှင်းသွားအောင် ပါ’’ဟု   ဥက္ကာကျော်က   ပြောသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top