iMyanmarHouse.com - Best Property Website for Myanmar
×












ဒီနေ့ ကုက္ကိုသီးမှည့်တွေ ကြွေကျနေတာမြင်တော့ ပုရစ်ကြော် ကြိုက်သူတွေအတွက် သတိပေးစရာ ရှိနေတာကို ပြန်အမှတ်ရလိုက်တယ်။ နယ်တွေဖက်မှာ ပုရစ်ကောက်ကြတာ ကျွန်တော်တို့ငယ်ငယ်ကလို မဟုတ်တော့ပါဘူး။

ကျွန်တော်တို့ငယ်ငယ်ကတော့……
ဒီလိုဆောင်းညတွေမှာ မြို့လမ်းမီးတိုင်တွေအောက် ပြေးလွှားပုရစ်ကောက်ပြီး တပျော်တပါး ကြော်စားခဲ့ကြဖူးတယ်။ အဖိုး၊ အဖွားတွေရဲ့ ရွာကိုရောက်တော့ ရွာခံ သူငယ်ချင်းတွေနဲ့ ချောင်းကမ်းပါးမှာ ပုရစ်တွင်းနှိုက်ပြီး၊ ရလာတဲ့ ပုရစ်တွေကို အဒေါ်တွေက အစာသွပ်ကြော်ကျွေးခဲ့ဖူးတယ်။


ဒီခေတ်မှာတော့…ပုရစ်ကောက်ရတာ အရမ်းလွယ်သွားပြီ။
ကုက္ကိုလ်သီးမှည့်တွေကို ထောင်း၊ မာလာသီယွမ်လို ပိုးသတ်ဆေး နည်းနည်းကို ရေနည်းနည်းစပ်၊ ထောင်းပြီး ကုက္ကိုလ်သီးမှည့်တွေနဲ့နယ်၊ ပြီးတော့ တလင်းမြေမာမှာ ဖြန့်ကြဲထားလိုက်တယ်။ မနက်မိုးလင်းတော့ ကုက္ကိုသီးမှည့် လာစားတဲ့ ပုရစ်တွေ တလင်းထဲမှာမူးဝေပြီး မခုန်နိုင်၊ မပျံနိုင် ဖြစ်နေတာကို တောင်းတွေထဲ တံမြက်စည်းနဲ့ လှည်းထည့်ပြီး မြို့ဈေးကို ပို့ရုံဘဲ။ ဘယ်လောက်လွယ်သလဲ။ ကျွန်တော်တွေ့ခဲ့တာ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ထဲက ရွာတွေဖက်မှာပါ။

ပုရစ်ကြော် ကြိုက်သူတွေ သတိသာ ထားပေတော့။ နီးစပ်ရာ မိတ်ဆွေများကိုလည်း လက်တို့ပြီး သတိပေးလိုက်ကြပါ။

Credit : ဦးဇော်

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top