iMyanmarHouse.com - Best Property Website for Myanmar
×














အမေရိကန် အဆိုတော် လေဒီဂါဂါသည် ဖေဖော်ဝါရီ ၂၂ ရက်တွင်ကျင်းပ မည့် (၈၇)ကြိမ်မြောက် အော် စကာဆုပေးပွဲ၌ ပါဝင်ဖျော်ဖြေ တင်ဆက်မည်ဖြစ်သည်။
‘‘ဒီနှစ် အော်စကာဆုပေးပွဲ မှာ ကျွန်မပါဝင်ဖျော်ဖြေပါ့မယ်’’ ဟု အဆိုတော် လေဒီဂါဂါက ဖေဖော်ဝါရီ ၁၂ ရက် ညနေတွင် ၎င်း၏ Instagram စာမျက်နှာမှ တစ်ဆင့် ပရိသတ်များအား အသိ ပေးပြောကြားခဲ့သည်။

လေဒီဂါဂါသည် လာမည့် အော်စကာဆုပေးပွဲ၌ မည်သည့် သီချင်းဖြင့် ဖျော်ဖြေတင်ဆက် မည်ကို ထုတ်ဖော်ပြောကြားခဲ့ ခြင်းမရှိသော်လည်း ၎င်းသည် အော်စကာဆုပေးပွဲလာ ဧည့်ပရိ သတ်များအား ကြီးကျယ်ခမ်းနား သည့် ဖျော်ဖြေတင်ဆက်မှုမျိုးပေး လိမ့်မည်ဟု ယင်းဆုပေးပွဲစီစဉ်သူ များက ယုံကြည်ကြောင်း ပြော ကြားခဲ့သည်။

လေဒီဂါဂါသည် ဖေဖော်ဝါ ရီ ၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့ သည့် (၅၇)ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲ၌ အမေရိကန်ဝါရင့်အဆို တော်ကြီး တိုနီဘန်းနက်နှင့်အတူ Cheek to Cheek သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။

(၈၇)ကြိမ်မြောက် အော် စကာဆုပေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်တွင် အမေရိကန်နိုင်ငံ လော့စ်အန်ဂျလိစ်မြို့ရှိ Dolby ကဇာတ်ရုံ၌ ကျင်းပပြုလုပ်သွား မည်ဖြစ်သည်။ (၈၇)ကြိမ်မြောက် အော်စကာဆုဆန်ခါတင်စာရင်း ၌ Birdman ရုပ်ရှင်ဇာတ်ကားနှင့် The Grand Budapest Hotel ရုပ်ရှင်ဇာတ်ကားတို့က ဆုအများ ဆုံးအဆိုပြုခြင်းခံထားရသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top