iMyanmarHouse.com - Best Property Website for Myanmar
×










 ဟောလိဝုဒ် မင်းသမီး လူပီတာယန်းအို၏ ဒေါ်လာ တစ်သိန်းခွဲတန် အော်စကာ ပွဲတက်ဝတ်စုံ အခိုးခံရပြီး ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။

Calvin Klein၏ နာမည်ကျော် ဒီဇိုင်နာ ဖရန်ဆစ္စကို ကော်စတာက အထူးသီးသန့် စီမံချုပ်လုပ်ထားသည့် ဖက်ရှင်ကို ဆင်မြန်းကာ လူပီတာက ယခုသီတင်းပတ် အော်စကာ ဆုနှင်းသဘင်သို့ တက်ရောက်ခဲ့သည်။ အဆိုပါ ဝတ်စုံတွင် အဖြူရောင် သဘာဝပုလဲ (၆၀၀၀)ကို ထည့်သွင်းစီခြယ်ထားသည်။

လူပီတာသည် ဟောလိဝုဒ် အနောက်ပိုင်းရှိ လန်ဒန်ဟိုတယ်တွင် တည်းခိုနေပြီး ဟိုတယ်ခန်းထဲ သူမမရှိသည့် အချိန်တွင် အဆိုပါဝတ်စုံ အခိုးခံလိုက်ရခြင်းဟု သိရှိရသည်။ စုံထောက်အရာရှိ ဝီလျံနက်ရှ်က အဆိုပါ ပွဲတက်ဝတ်စုံသည် ဖေဖော်ဝါရီ ၂၅ ရက်က ခိုးယူခံရခြင်းဖြစ်ပြီး လတ်တလောတွင် ဟိုတယ်မှ လုံခြုံရေး ကင်မရာ မှတ်တမ်းများကို ပြန်လည် စစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

လတ်တလောတွင် ရဲတပ်ဖွဲ့သည် မည်သူ့ကိုမျှ ဖမ်းဆီးမှု မရှိသေးသလို Calvin Kleinကလည်း ဖြစ်စဉ်အပေါ် တစ်စုံတစ်ရာ မှတ်ချက်မပေးဘဲ နှုတ်ဆိတ်နေသည်။

ကင်ညာနွယ်ဖွား မင်းသမီး လူပီတာသည် 12 Years A Slave ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယမန်နှစ် အော်စကာ ဆုနှင်းသဘင်တွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ သူမသည် ၂၀၁၄ ခုနှစ်အတွင်း People မဂ္ဂဇင်း၏ အလှပဆုံး အမျိုးသမီးနှင့် Glamour မဂ္ဂဇင်း၏ တစ်နှစ်တာ အထင်ပေါ်ဆုံး အမျိုးသမီးအဖြစ် ရွေးချယ်ဂုဏ်ပြုခံခဲ့ရသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top