iMyanmarHouse.com - Best Property Website for Myanmar
×














တချို့သောအရာတွေက ကျန်းမာရေးဘက်ကကြည့်ရင် ဘယ်လိုမှအပ်စပ်မှုမရှိပေမယ့်လည်း အသုံးတည့်တာကြောင့် စပ်းသပ်လုပ်ကြည့်နိုင်ဖို့ မျှဝေချင်ပါတယ်။ လုပ်ရိုးလုပ်စဉ်မဟုတ်တဲ့အရာတွေကြောင့် ရလဒ်ကောင်းတွေ ဘယ်လိုရသလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

ဘီယာဖြင့်ခေါင်းလျှော်ခြင်း - မင်းသမီးကက်သရင်းဇီတာဂျုံးစ်က သူ့ဆံပင်တွေနက်မှောင်ပျော့ ပျောင်းဖို့အတွက် ရွေးချယ်ထားတဲ့နည်းလမ်းတစ်ခုပါ။ ခေါင်း လျှော်တဲ့အခါမှာ ဘီယာလက်ဖက်ရည်တစ်ပန်းကန်စာကို ဆံပင်ပေါ်လောင်းထားပြီး ၁၀ မိနစ်ခန့်ကြာရင် ရေဆေးချရမှာပါ။

ထောပတ်သီးဆံပင်ပျော့ဆေး -နယူးယောက်  ဧရိယာထဲက နာမည်ကျော်တွေကတော့ ထောပတ်သီးကို ဆံပင်ပျော့ဆေးလို သုံးကြပါတယ်။ ဆံသားက ကြွပ်ဆတ်ကြမ်းတမ်းမာကျောလွန်းနေရင်တော့ ထောပတ်သီးနဲ့ မရိုးနိစ်(ဒါမှမဟုတ်) သံလွင်ဆီပါ   ရောနယ်ပြီးသုံးသင့်ပါတယ်။

အုန်းဆီခဲသွားတိုက်ဆေး - သွားတိုက်ဆေးမှာ ခပ်ထွေထွေလေးခဲ နေတဲ့အုန်းဆီသုံးပြီး ငါးမိနစ်ကနေ မိနစ် ၂၀ လောက်ထိတိုက်ပေးရင် ခံတွင်းထဲကပိုးတွေ သေစေနိုင်ပြီး သွားတွေဖြူစေတယ်လို့ဆိုပါတယ်။

ခြေနံ့ပျောက်စေတဲ့ဗော့ဒ်ဂါ - ခြေထောက်အနံ့ဆိုးထွက်ပြီး ဖိနပ်တွေ၊ ခြေအိတ်တွေ အနံ့အသက် မကောင်းဖြစ်နေရင် ဖိနပ်တွေထဲ ဗော့ဒ်ဂါအရက်ဖျန်းလိုက်ရင် ပိုးတွေသေပြီး အနံ့အသက်ပျောက် စေပါတယ်။ ခြေချောင်းတွေနဲ့ ခြေထောက်တစ်ဝိုက်ကိုလည်း ဂွမ်းစလေးနဲ့ ပွတ်ပေးနိုင်ပါတယ်။

အသားမာပျောက်နွယ်ချို - အိမ်မှာနွယ်ချိုအလွယ်တကူရှိရင် အမှုန့်ဖြစ်အောင်ကြိတ်ချေပြီး ရေနံဂျယ်လီဆီနဲ့ရောပြီး အသားမာတက်နေတဲ့နေရာကိုလိမ်းပေးရင် ပျော့ပျောင်းချောမွေ့လာစေပါတယ်။

ကြို့ထိုးပျောက်သကြား - တစ်ခါ တစ်ခါဖြစ်တတ်တဲ့ ကြို့ထိုးတာကို မြန်မြန်သက်သာချင်တယ်ဆိုရင်တော့ သကြားတစ်ဇွန်း(သို့ မဟုတ်) တစ်ခဲသာ အမြန်စားလိုက်ပါ။

လှိုင်းမူးပျောက်သံလွင်ဆီ  - သင်္ဘောနဲ့တစ်နေရာရာသွားပြီဆိုရင် မူးတတ်သူတွေ သံလွင်ဆီ ဆောင်ထားသင့်ပါတယ်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top