iMyanmarHouse.com - Best Property Website for Myanmar
×














အိပ်မက်ဆုံရာက တစ်ဆင့် ဂီတလောကထဲကို ချဉ်းနင်း ၀င်ရောက်လာခဲ့ပြီး လက်ရှိ အနုပညာသက်တမ်း ၂ နှစ်အတွင်းမှာ တစ်ကိုယ်တော်ခွေကို ပြင်ဆင်နေတဲ့ အပြင် ဇာတ်ကားရိုက်ကူးမှုအပိုင်းမှာဆိုရင်လည်း ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားမှာပါ ပါဝင် သရုပ်ဆောင်ထားတယ်လို့သိရတဲ့ နန့်ချစ်နဒီဇော်ကို သိချင်တာလေးတွေ မေးကြည့်တဲ့အခါ“ခု လတ်တလောက နန့်ချစ် ရှိုးပွဲတွေ အများဆုံးဆိုဖြစ်တယ်။ ပြီးတော့ တစ်ကိုယ်တော်ခွေလေးလဲ စီစဉ်နေပါတယ်။

single ခွေထဲမှာ ဂီတအမျိုးအစား တော်တော်များများကိုလဲ ထည့်သွားပါမယ်။ ပရိသတ်ကတော့ နန့်ချစ်ကို k –pop ပုံစံလေးလုပ်လို့တော့ ပြောကြတယ်။ နန့်ချစ်ကိုယ်တိုင်ကလဲ ၀ါသနာပါတဲ့အတွက် သီချင်းမြူးမြူးလေးတွေ ထည့်ဖြစ်ဖို့ပိုများပါမယ်။ သီချင်းတွေက ရွေးနေတုန်းပဲ။ မပြီးသေးဘူး။ ခုကြိုက်တယ်။ နည်းနည်းကြာရင် မကြိုက်တော့ဘူး။ သီချင်းရွေးတာကလဲ တကယ့်ကို မလွယ်တာပါ။ အခက်အခဲရှိတော့ နဲနဲကြာဦးမယ် ထင်ပါတယ်။ ရွေးထားတာကတော့ ၅ ပုဒ်လောက်ရပြီ။ ကော်ပီနည်းမယ်။ own tune များပါမယ်”လို့ သူက ပြောပြသွားပါတယ်။

ဇာတ်ကား ရိုက်ကူးဖြစ်တဲ့အပိုင်းနဲ့ပတ်သတ်ပြီးတော့လည်း “နန့်ချစ် အိပ်မက်ဆုံရာမှာ ၀င်ပြိုင်ကတည်းက သရုပ်ဆောင်တာကို ၀ါသနာပါတယ်လို့ပြောဖူးတယ်။ ခုလဲ နန့်ချစ် ရုပ်ရှင်ကားကြီး တစ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတယ်။ ဘယ်ရည်းစားကို အချစ်ဆုံးလဲတဲ့။ ဒါကကျတော့ ဒီနှစ်လောက်တော့ ရုံတင်မယ်ထင်ပါတယ်။ နန့်ချစ်ကို သရုပ်ဆောင်တာ ၀ါသနာပါလား။ ရိုက်ကြည့်မလားဆိုတာနဲ့ လုပ်ဖြစ်ခဲ့တာပါ။ နန့်ချစ်နဲ့အတူ အလင်းရောင် ၊ ဟန်လင်းသန့်၊ မေမြင့်မိုရ် မ၊ ကောင်းထက်ဇော်နဲ့မအားဝေ ပါတယ်။ ဒါရိုက်တာက ကိုဝင်းလွင်ထက်ပါ။ သရုပ်ဆောင်ပိုင်းနဲ့ ခုမှ စလုပ်တာဆိုတော့သိပ်တော့မရသေးဘူး။ ကိုယ့်ဟာကိုယ်လဲ သိတယ်။ ဒါပေမဲ့ ပထမဆုံးစလုပ်တဲ့အတွက် ဒီကားထွက်တဲ့ အချိန်မှာလဲ ဝေဖန်အကြံပေးပါဦး”တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top