iMyanmarHouse.com - Best Property Website for Myanmar
×










အကြောင်းအမျိုးမျိုးကြောင့် ချစ်သူရည်းစားနဲ့ လမ်းခွဲလိုက်ရတယ်။ ဒါမှမဟုတ် သူက ကိုယ့်ကိုထားသွားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင့်အနေနဲ့ ကိုယ့်ဒုက္ခကိုယ်ဆက်မရှာတော့တာ အကောင်းဆုံးပါပဲ။ လောကမှာ လူတိုင်းမှာ ကိုယ့်အတွက် ကိုယ်တွေးကြတာချည်းပါပဲ။ ကိုယ့်ဘက်ကနေ ၀င်တွေးပေးလို့ သူက သင့်ကိုထားသွားတာလား၊ လမ်းခွဲသွားတာလား တစ်ချက်လည်း ပြန်စဉ်းစားကြည့်ပါဦး။ ဒီတော့ ကိုယ့်ဝေဒနာ သက်သာအောင် ကိုယ့်ဘာသာကိုယ် နည်းလမ်းတွေ ရှာဖွေနေရချိန်မှာ ဒီအချက်လေးတွေကိုတော့ လုံးဝရှောင်ကြဉ်စေချင်ပါတယ်။

၁။သူငယ်ချင်းအနေနဲ့ ဆက်သွားဖို့ မကြိုးစားပါနဲ့။
ချစ်သူရည်းစားမဖြစ်တော့ပေမယ့် အကောင်းဆုံးသူငယ်ချင်းတော့ ဖြစ်နိုင်ပါသေးတယ်ဆိုတာ ၀တ္ထုစာအုပ်ထဲမှာသာ ကြားကောင်းတာပါ။ အပြင်မှာ အဲ့ဒီလို ဆက်လက်ပြီး သူငယ်ချင်းအနေနဲ့သွားဖို့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီတော့ မေ့လိုက်တာ အကောင်းဆုံးပါ။ ဆိုလိုချင်တာက သူနဲ့တတ်နိုင်သမျှ ခပ်ဝေးဝေးနေဖို့နဲ့ တစ်ခုခုဆို သူ့ကို ပြန်အဆက်အသွယ် မလုပ်ဖို့ပါ။ ဥပမာ သင့်မွေးနေ့မှာ သူ့ကို မွေးနေ့ပွဲလာဖို့ ဖိတ်တာမျိုးတွေ၊ သူကြိုက်တဲ့ သီချင်းဖွင့်တာ ကြားလို့ သူ့ဆီ sms ပို့တာမျိုးတွေ မလုပ်ပါနဲ့။

၂။သူ့ကို ဖုန်းတွေ မကြာခဏ ဆက်တာမျိုးတွေ မလုပ်ပါနဲ့တော့။
ဘာရယ်မဟုတ် သူ့ဆီကို ဖုန်းခေါ်ပြီး နေကောင်းရဲ့လား စိတ်ပူပြတာမျိုးဟာ သူ့ကို သင့်ဆီပြန်လာဖို့ မဆွဲဆောင်နိုင်သလို သင့်ကိုယ်တိုင် သနားစရာ သတ္တ၀ါဖြစ်နေပြီဆိုတာ မမေ့ပါနဲ့။ အရင်တုန်းက အကြောင်းအရာတစ်ခုခုကို သတိရပြီး သူ့ကိုလှမ်းဖုန်းဆက်တာမျိုးတွေလည်း မလုပ်မိဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းပါ။

၃။အဟောင်းတွေနဲ့ တလည်လည်ဖြစ်မနေပါစေနဲ့။
တစ်စုံတစ်ယောက်က မင်းနဲ့ငါ လမ်းခွဲကြစို့လို့ ပြောလိုက်ခြင်းဟာ ငါတို့တစ်ယောက်နဲ့တစ်ယောက် ဆက်မတွေ့တော့ဘူး။ ငါ တစ်ခြားလူတွေနဲ့ ဒိတ်ကြည့်ချင်တယ် ဆိုတာမျိုးနဲ့ နည်းစပ်ပါတယ်။ ကိုယ်နဲ့လမ်းခွဲပြီး အသစ်ထပ်မထားတော့ဘူးလို့ ကတိယူထားတာမျိုးလည်း မဟုတ်သလို ဘယ်သူကမှလည်း မပေးပါဘူး။ ဒါကို ကိုယ့်ရည်းစားဟောင်းက အသစ်ရသွားတာကို ကိုယ့်ဘက်က စိတ်တို၊ ဒေါသတွေထွက်ပြီး ပြသနာရှာတာမျိုးတွေ လိုက်လုပ်နေမယ်၊ ငိုပြနေမယ်ဆိုရင် သင့်ကို ဘယ်သူကမှ သနားမှာမဟုတ်ဘူးဆိုတာ သိထားပါ။ ခံစားချက်အဟောင်းတွေကို စွန့်ပစ်နိုင်ဖို့ ကြိုးစားပါ။

၎။သူ့အကြောင်းတွေချည်း တစ်ချိန်လုံး ပြောဆိုနေတာမျိုး မဖြစ်ပါစေနဲ့။
ကိုယ့်မိသားစု၊ သူငယ်ချင်းတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အကြောင်းတွေ ပြောဆိုတာမျိုး မလုပ်ပါနဲ့တော့။ ဒါဟာ သူတို့ကို တကယ်အာရုံနောက်စေနိုင်ပါတယ်။ သူငယ်ချင်းကောင်းဆိုတာ ကိုယ့်သူငယ်ချင်း ချစ်သူနဲ့ ကွဲတဲ့အခါ ဖြေသိမ့်ပေးတာမျိုးတွေ လုပ်နိုင်ပေမယ့် တစ်ချိန်လုံး အသည်းကွဲပြီး ခံစားနေတဲ့ သူငယ်ချင်းကိုတော့ ကြာရှည်ဘယ်သူကမှ မနှစ်သိမ့်ချင်ဘူးဆိုတာ ယုံထားပါ။

၅။သူ့ကြောင်းတွေ လိုက်စုံစမ်းတာမျိုး လုံးဝမလုပ်ပါနဲ့။
ပြတ်သွားပြီးကတည်းက သူ့သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး သူ့အကြောင်းမေးတာမျိုး၊ သူ့ facebook account မှာ သူဘာတွေ ပို့စ်လုပ်ထားမလဲ လိုက်ကြည့်တာမျိုး၊ သူသွားနေကျ နေရာတွေမှာ ဆုံများ ဆုံမလားဆိုပြီး ရောက်သွားတတ်တာမျိုးတွေ မလုပ်မိစေဖို့ ကြိုးစားပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top