iMyanmarHouse.com - Best Property Website for Myanmar
×














ဟောင်ကောင်သရုပ် ဆောင်မင်းသားကြီး ဂျက်ကီချန်း ၏ သားဂျေစီချန်းသည် မူးယစ် ဆေးဝါးမှုဖြင့် ထောင်ဒဏ်ခြောက် လကျခံပြီးနောက် ဖေဖော်ဝါရီ ၁၃ ရက်တွင် တရုတ်အကျဉ်း ထောင်မှ လွတ်မြောက်လာခဲ့ သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာ ဆင်ဟွာသတင်းဌာနက ဖော်ပြ သည်။

အသက် (၃၂)နှစ်အရွယ် သရုပ်ဆောင်အဆိုတော် ဂျေစီ ချန်းသည် ဖေဖော်ဝါရီ ၁၃ ရက် အစောပိုင်းတွင် ပြစ်ဒဏ်ကာလ ပြီးဆုံး၍ ထောင်မှလွတ်ခဲ့သည် ဟု ဆင်ဟွာသတင်းဌာနက ဖော် ပြသည်။

ဂျေစီချန်းသည် ၂၀၁၄ ခုနှစ် ဩဂုတ်တွင် မူးယစ်ဆေးဝါး မှုဖြင့် အဖမ်းခံခဲ့ရပြီး ဒီဇင်ဘာ ၌ တရားဝင်တရားစွဲဆိုခံခဲ့ရ သည်။ ထို့နောက် ဇန်နဝါရီတွင် ဘေဂျင်းတရားရုံးက ၎င်းကို ထောင်ဒဏ်ခြောက်လချမှတ်ခဲ့ သော်လည်း အချုပ်ကာလကိုပါ ထည့်သွင်းစဉ်းစားပေးခဲ့သော ကြောင့် ယခုလ ထောင်မှပြန်လည် လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

သားဖြစ်သူဂျေစီချန်း ထောင်မှလွတ်လာလျှင် သွား ရောက်ကြိုဆိုမည်မဟုတ်ဟု ဂျက်ကီချန်းက အစောပိုင်းအင် တာဗျူးတစ်ခုတွင် ပြောကြားခဲ့ သည်။

ဂျက်ကီချန်းသည် သားဖြစ် သူ၏ မိုက်ပြစ်အတွက် အလွန် ဒေါသထွက်ရပြီး အရှက်ရရသည် ဟုလည်း ပြီးခဲ့သည့် ဒီဇင်ဘာက ပြောကြားခဲ့ပြီး သားဖြစ်သူ၏ လုပ်ရပ်များအတွက် လူသိရှင် ကြားတောင်းပန်စကားဆိုခဲ့ သည်။ ထောင်မှလွတ်လာသော ဂျေစီချန်းသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် ဘေဂျင်းမြို့၌ သတင်း စာရှင်းလင်းပွဲပြုလုပ်မည်ဟု မျှော် လင့်ထားသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top