iMyanmarHouse.com - Best Property Website for Myanmar
×

ဘ၀မှာအချိန်တွေကိုအခက်ခဲပေါင်းများစွာနဲ့ နေ့ စဉ်ဖြတ်သန်းနေရတာပါ။
ပျော်ရွှင်ခြင်းနဲ့ ဖြတ်သန်းရတဲ့အခါရှိသလို၊၀မ်းနည်းခြင်းနဲ့လည်းဖြတ်သန်းရတယ်။
အချစ်နဲ့ ဖြတ်သန်းရတဲ့အခါရှိသလို၊ အမုန်းနဲ့ လည်း ဖြတ်သန်းရတာရှိတယ်။
အပြုံးတွေနဲ့ ဖြတ်သန်းရတဲ့အချိန်ရှိသလို၊အငိုနဲ့ ဖြတ်သန်းရတာလည်းရှိတယ်။

တားဆီးလို့ မရတဲ့ အချိန်ရွေ့ လျားမှုတိုင်းမှာဘ၀ဟာအဓိပ္ပာယ်ပြည့်စုံတဲ့နေရာလေးတစ်ခုဖြစ်
နေသင့်တာပေါ့။အပြုံးတွေနဲ့အတူအချိန်တွေကိုဖြတ်သန်းရရင်သောကဆိုတာ ဘယ်မှာ ရှိပါ့
မလဲ။ ရှိခဲ့ရင်တောင်အပြုံးအားကိုသူတွန်းမလှန်နိုင်ပါဘူး။ အခက်အခဲကို ရှုံးနေရင်
တောင် ပြုံးလိုက်တဲ့အခါ အားအသစ်ပြန်ရလာပါတယ်။ ပြီးတော့ ပြုံးလိုက်တဲ့အခါတိုင်း
မှာ မိမိဟာယုံကြည်မှုတွေ ပိုပိုရလာသလိုခံစားရတယ်။

ပြုံးနိုင်တဲ့လူတွေဟာအများအားဖြင့်အကောင်းမြင်ဝါဒီသမားတွေဖြစ်တယ်။အကောင်းမြင်တတ်တဲ့သူတွေဟာ သာမန်လူတွေထက် လုပ်နိုင်စွမ်းအားတွေ ပိုရှိကြတယ်။ဒါကြောင့် မနက်ခင်းတွေကိုလည်း အပြုံးနဲ့ 
့ဖြတ်သန်းပါ၊ နေ့ လည်ခင်းကိုလည်း အပြုံးနဲ့ ဖြတ်သန်းပါ၊ ညနေခင်းတိုင်းကိုလည်းအပြုံး
လေးတွေနဲ့ ဖြတ်သန်းကြပါ။ဒါဆိုရင် အရှုံးဆိုတာ အပြုံးတွေကြားမှာကျဆုံးသွားပါလိမ့်မယ်။

Credit : True Men

 ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top