iMyanmarHouse.com - Best Property Website for Myanmar
×










Miley Cyrus က ဝတ်လစ်စလစ်ပုံတွေချည်း ဘာကြောင့် အမြဲရိုက်ရသလဲ ဆိုတဲ့အကြောင်းကို ရှင်းပြသွားခဲ့ ပါတယ်။

အဆိုတော်ဖြစ်တဲ့ သူမက မကြာသေးမီအချိန်က ကိုယ်တုံးလုံးပုံ တစ်ဒါဇင်နဲ့ အင်္ကျီ အဝတ်အစားမပါပဲ ရိုက်ထားတဲ့ Selfie ပုံတွေကို V Magazine မှာ ပရိသတ်တွေကို ဝေမျှခဲ့ပါတယ်။ နောက် Mario Lopez စီစဉ်ဆောင်ရွက်တဲ့ Extra နဲ့ အင်တာဗျူးတစ်ခုမှာလည်း Miley Cyrus က ဘာကြောင့် အဲဒီလို ကိုယ် တုံးလုံး ပုံတွေ ရိုက်ရသလဲဆိုတာ ရှင်းပြခဲ့ပါသေးတယ်။

“ရှင်သတိထားမိသလိုပဲ အဝတ်ဗလာနဲ့ သွားလာ တာ များတယ်။ နယ်လှည့်ဖျော်ဖြေပွဲတွေ သွားတယ်။ အဲဒီနေရာတွေမှာလည်း ဓာတ်ပုံတွေ ရိုက်ခဲ့တယ်… dairy ပုံစံမျိုးအနေနဲ့ပေါ့။ L.A က ကျွန်မနေအိမ်ကနေ စတင်ထွက်ခွာပြီး…နေရာအနှံ့အပြားထိ ရောက်ခဲ့ တယ်။ နယ်လှည့်ဖျော်ဖြေပွဲ သွားပြီဆိုရင် ရှိုးပွဲတစ်ခုကို အချိန် တစ်နာရီခွဲသာ ရတယ်။ နယ်လှည့်ဖျော်ဖြေပွဲ ထွက်တော့… ဟိုတယ်လ်အခန်းတွေမှာ နေရတာ ပျင်းလာတယ်။ ဒါ့ကြောင့် အဝတ်အစား ချွတ်နေပြီး ဓာတ်ပုံတွေ ရိုက်ဖြစ်တာ" လို့ သူမက ရှင်းပြခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top