iMyanmarHouse.com - Best Property Website for Myanmar
×








တောင်ကိုရီးယား နာမည်ကျော်ဂီတအဖွဲ့ Big Bang ရန်ကုန်မြို့သို့ လာရောက်ဖျော်ဖြေရန်ရှိကြောင်း ပွဲဖြစ်မြောက်ရန် စီစဉ်နေသည့် Living Sound Entertainmentမှ တာဝန်ရှိသူက ပြောသည်။

ယင်းဖျော်ဖြေရေးအေဂျင်စီက ဧပြီတွင်  တောင်ကိုရီးယား နိုင်ငံမှ အမျိုးသမီးဂီတအဖွဲ့တစ်ခုကို ဖိတ်ခေါ်ရန်ရှိသော်လည်း အချိန်အားဖြင့် နီးကပ်လာသည့်အတွက် ဇူလိုင်တွင် ပရိသတ်အားပေးမှုများစွာရရှိနေသည့် Big Bangအဖွဲ့ကို ရန်ကုန်တွင်ဖျော် ဖြေနိုင်ရန် စီစဉ်နေကြောင်း၎င်းက ပြောသည်။

‘‘ကျွန်တော်တို့အခုမှ စီစဉ်နေတုန်းပါ။ Big Bang လာမှာတော့ ကျိန်းသေတယ်။ အချိန်ပဲ အတိအကျမသိသေးတာပါ’’ဟု Living Sound Entertainmentမှ တာဝန်ရှိသူကဆိုသည်။

Big Bang၏ ဖျော်ဖြေပွဲကို  Myanmar Event Parkတွင် ပြု လုပ်နိုင်ရန် စီစဉ်နေသည်။

ယခင်က ပြုလုပ်ခဲ့သည့် 2NE1ပွဲတွင် လက်မှတ်ဈေးနှုန်းများကြီး၍ ပရိသတ်အများစု မကြည့်ရှုနိုင်သည့်အတွက် ယခုအခါတွင် လက်မှတ်ဈေးနှုန်းကို သင့်တင့်အောင် ရောင်းချသွားမည်ဖြစ်ကြောင်းနှင့် ပရိသတ်ငါးသောင်းခန့်ကြည့်ရှုနိုင်အောင် စီစဉ်သွားမည်ဖြစ်ကြောင်း ၎င်းကပြော သည်။

Big Bang အဖွဲ့ကို အမျိုး သားငါးဦးဖြင့် ၂၀၀၆တွင်  ဖွဲ့ စည်းထားပြီး   ယင်းအဖွဲ့၌  G Dragon၊ Taeyang၊ TOP၊ Dae−sung၊ Seungri စသည့်အဖွဲ့ဝင် များနှင့် ဖွဲ့စည်းထားကာ တောင်ကိုရီးယားနိုင်ငံတွင်သာမက အနောက်နိုင်ငံများ၌ပါ   အောင် မြင်မှုရရှိနေသည့် ဂီတအဖွဲ့တစ်ခု ဖြစ်သည်။

ဧပြီတွင်လည်း အခြားဖျော်ဖြေရေးအေဂျင်စီတစ်ခုမှ စီစဉ် သည့် တောင်ကိုးရီးယားနိုင်ငံမှ နာမည်ကြီး အမျိုးသမီးဂီတအဖွဲ့ ဖြစ်သော  4 Minute အဖွဲ့သည် ရန်ကုန်တွင် လာရောက်ဖျော်ဖြေရန်ရှိကြောင်း သိရသည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top